
ရေဦးမြို့နယ် အနောက်ဖက်ခြမ်းကို ဖေဖော်ဝါရီ ၂၇ရက်နေ့ကစတင်ပြီး စစ်ကြာင်းထိုးနေသည့် စစ်သား ၉၀ ကျော်သည် အုတ်ဖိုရွာက ဒေသခံလေးဦးကိုမီးရှို့သတ်ဖြတ်ခဲ့ပြီး ယနေ့ မတ်လ ၃ ရက်နေ့တွင် နှောကုန်းရွာသား ၅၀ ကျော်ကိုဖမ်းဆီးထားပါသည်။
စစ်ကောင်စီတပ်၏ စီးနင်းမှုများကြောင့် ရေဦးမြို့နယ်အတွင်းရှိ နှောကုန်းရွာအပါအဝင် အနီးပတ်ဝန်းကျင်ရွာများက ပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင် နေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/efjyVlKV5PQ]