
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် နှမစားရစ်ကျေးရွာကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ရွာကို မီးရှို့သဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များ ခုခံခဲ့ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့ပြီး ၆ ဦး ပျောက်ဆုံးနေကြောင်း ရွှေဘိုမြို့နယ် PDF အဖွဲ့ခေါင်းဆောင်က အတည်ပြုသည်။
စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး၊ ရွာကို မီးရှို့မှုကြောင့် ၃ ဦး မီးလောင်သေဆုံးခဲ့သဖြင့် အရပ်သားပြည်သူ ၅ ဦးလည်း သေဆုံးခဲ့ရသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
[youtube https://youtu.be/Iz07fNtpj74]