
အာဏာသိမ်းပြီး တစ်နှစ်အတွင်း ပေါ်ပေါက်လာသော ပြည်သူများ၏ ခုခံတော်လှန်စစ်များကြောင့် ဒေသအချို့တွင် စစ်အုပ်ချုပ်ရေးကျဆုံးခြင်းဖြင့် ရင်ဆိုင်လာရသော အာဏာသိမ်းဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သပြေခက်ကိုင်၍ ၎င်း၏ ဗေဒင်၊ ယတြာရူးသွပ်မှုကို အများသိပြသလိုက်သည်။
ထို့အတူ မင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာပြီးနောက် “ရှေ့တန်းထွက်မယ်ဆိုရင် အစီအရင်တွေ၊ လက်ဖွဲ့တွေ၊ အင်းတွေကို အရာရှိတွေ တော်တော်များများဆိုရင် ပိုပြီးလုပ်ရတယ်။ အင်းတွေကို အချပ်လိုက်ပဲ။ ကျွန်တော်တို့ ကျည်ကာအင်္ကျီတွေ၊ ဦးထုပ်တွေထဲမှာ ဘုရားပုံတော်တွေနဲ့ အင်းကွက်တွေချည်းပဲ” ဟု လုပ်သက် နှစ် ၂၀ ရှိ ဗိုလ်ကြီးတစ်ဦးက ထုတ်ပြောလာသည်။
“အမှားတွေကို ခဝါမချနိုင်ဘဲနဲ့ တိုင်းပြည်ကို ချမ်းသာသုခ မရစေချင်ဘဲနဲ့ ဒီလိုအလုပ်မျိုး ယတြာချေတဲ့ အလုပ်တွေကို သူ့စိတ်ထဲက ကြိမ်မီးအုံးလို ပူနေတဲ့အပူကို သက်သာရာရစေဖို့ရယ်၊ အကျိုးချမ်းသာရစေလို၏ဆိုတဲ့ မျှော်လင့်ချက်ရယ်နဲ့ အကြောင်းမှားတွေကို ဆက်ပြီးလုပ်ဆောင်နေခြင်း ဖြစ်တယ်။ ပိုပြီးတော့ တွင်းဆုံးကျတော့မှာပါပဲ” ဟု ရဟန်းသက် ၂၂ ဝါရှိသော ဦးဝါယမက မိန့်လိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/12XC92acFlE]