ရုပ်သံသတင်း

ခင်ဦးမြို့ တိုက်ပွဲတွင် လူငယ် ၁၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြို့သစ်ရွာအနီး ယမန်နေ့ (ဖေဖော်ဝါရီ ၁၇) က ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်က အရပ်သားအသွင်ယူတိုက်ခိုက်ရာ အငိုက်မိသွားသော ဒေသခံ ကျေးရွာကာကွယ်ရေးအဖွဲ့ (ပကဖ) ဘက်မှ ၁၄ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်တပ်၏ အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် တစ်နှစ်နီးပါးကြာကာလအတွင်း တိုက်ပွဲပေါင်း ၅၀ ခန့်ဖြစ်ပွားခဲ့ပြီး အရပ်သားနှင့် ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင် စုစုပေါင်း၈၀ ကျော် သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/YlMgsNdH9DA]

Show More

Related Articles

Back to top button