ရုပ်သံ

၂၆၉ တပ်ရင်းမှူး မိုင်းထိပြီးနောက် ထန်တလန်မြို့ မီးထပ်ရှို့ခံရ

ဒေသခံများမရှိသည့် ထန်တလန်မြို့တွင် စစ်ကောင်စီတပ်အရာရှိ မိုင်းနင်းမိပြီးနောက် စစ်သားများက မြို့ကို မီးထပ်ရှို့သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြောသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာမှ ယခုနှစ် ဖေဖော်ဝါရီ ၁၃ အထိ ထန်တလန်မြို့သည် ၂၅ ကြိမ်တိုင်တိုင် မီးရှို့ခံရပြီး ဘာသာရေးအဆောက်အအုံ ၁၉ လုံး၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ လူနေအိမ် ၉၀၀ ကျော် မီးဘေးသင့်ခဲ့ရသည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF – ထန်တလန်၏ စာရင်းများအရ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/qzy5KS5kPXw]

Show More

Related Articles

Back to top button