ရုပ်သံသတင်း

တန့်ဆည်မြို့နယ်မှာ နေအိမ်မီးရှို့ပြီးပြန်လာတဲ့ စစ်တပ်ကို PDF မိုင်းခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းရှိ ရွာလေးရွာက အိမ်ခြေ ၈၀ နီးပါးကို နှစ်ပတ်အတွင်း မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် နှစ်ကြိမ်တိုင်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးနိုင်ဟု ရုပ်သံဖိုင်ထုတ်ပြန်ကာ ကြေညာလိုက်သည်။

တန့်ဆည် PDF ၏စာရင်းအရ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီတပ်က နေအိမ် ၁၂၀ ကျော်ကို မီးရှို့ခဲ့ပြီး ၂၂၀ ကျော်ကို ရိုက်ချိုးဖျက်ဆီးခဲ့ကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/umUVI386ULY]

Show More

Related Articles

Back to top button