ရုပ်သံသတင်း

ပြည်သူတွေ ပိုမိုပါဝင်ကြဖို့ မန္တလေးတော်လှန်ရေးအဖွဲ့များ တောင်းဆို

စစ်တပ်က အာဏာသိမ်းယူပြီး အုပ်ချုပ်ရန် ကြိုးစားနေသည်မှာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်သော်လည်း မန္တလေးမြို့ခံတော်လှန်ရေးအဖွဲ့များက စစ်အုပ်ချုပ်မှုကို လက်မခံဘဲ တွန်းလှန်နေကြဆဲဖြစ်ပြီး ယခုနှစ်အတွက် တော်လှန်ရေးကို အရှိန်မြှင့်တင်သွားမည်ဖြစ်ကာ ပြည်သူများပိုမိုပါဝင်ကြရန် တော်လှန်ရေးအဖွဲ့များက တောင်းဆိုလိုက်သည်။

တော်လှန်ရေးသွေးမအေးစေရန် မန္တလေးမြို့သပိတ်တိုက်ပွဲများကို လူငယ်များက အသက်နှင့်ရင်းပြီး နေ့စဉ်ပုံစံမျိုးစုံဖြင့် ပြုလုပ်နေခြင်းဖြစ်ကြောင်း အကြောက်တရားများနှင့် ရှင်သန်နေရသည့်မျိုးဆက်ကို ၎င်းတို့သာ နောက်ဆုံးဖြစ်ရမည်ဖြစ်ကြောင်း ယခုနှစ်ထဲတွင် ၎င်းတို့အောင်ပွဲရမည်ဟု လူငယ်များက ကြုံးဝါးထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/FSO_d1xftAc]

Show More

Related Articles

Back to top button