ရုပ်သံသတင်း

“ဗမာပြည်မနေ ပြည်သူလူထုနဲ့ အတူတူလက်တွဲဖို့ လမ်းကြောင်းပွင့်သွားတယ်”- ခိုင်သုခ

“ဗမာပြည်သူလူထုကိုယ်၌ကလည်း စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ပြီးတော်လှန်မှပဲ ရတော့မယ်ဆိုတဲ့ အနေအထားကတော့ မြန်မာပြည်နိုင်ငံရေးဖြစ်စဉ်ထဲမှာ ပြောမယ်ဆိုရင်တော့ ထူးခြားတဲ့ ဖြစ်ပေါ်တိုးတက်မှုဖြစ်သလို တခြားတိုင်းရင်းသားလူမျိုးတွေအနေနဲ့လည်း ဗမာပြည်မနေ ပြည်သူလူထုနဲ့အတူတူ လက်တွဲဖို့ လမ်းကြောင်းပွင့်သွားတယ်”- ခိုင်သုခ

စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးအတွက် မြန်မာပြည်သူလူထုရဲ့ လက်ရှိ ကြိုးပမ်းအားထုတ်မှုတွေအပေါ် လေးစားအသိအမှတ်ပြုကြောင်း ရက္ခိုင့်တပ်တော် AA က ပြောလိုက်ပါတယ်။

မြန်မာပြည်သူလူထုအနေနဲ့ စစ်အာဏာရှင်အမြစ်ပြုတ်ရေး ကြွေးကြော်ပြီးတော့ လက်နက်ကိုင်တော်လှန်နေတာဟာ ထူးခြားတဲ့ ဖြစ်ပေါ်တိုးတက်မှုဖြစ်သလို တခြားတိုင်းရင်းသားတွေအနေနဲ့လည်း ပြည်မက ပြည်သူလူထုနဲ့အတူတူ လက်တွဲဖို့ လမ်းကြောင်းပွင့်သွားတယ်လို့ ULA/AA ရဲ့ ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

၂၀၂၀ရွေးကောက်ပွဲမတိုင်မီကတည်းက နားလည်မှုယူပြီး အပစ်ရပ်ထားပေမဲ့ စစ်အာဏာသိမ်းပြီးတစ်နှစ်အကြာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတဲ့ အခြေအနေတွေအပါအဝင် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/i10yStw3rbk]

Show More

Related Articles

Back to top button