ရုပ်သံသတင်း

စစ်ကောင်စီက ပုလဲမြို့နယ်တွင် အိမ်ခြေ ၅၀၀ နီးပါးမီးရှို့

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လှုပ်ရှားမှုအားကောင်းသည့် စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာက အိမ်ခြေ ၅၀၀ နီးပါးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သဖြင့် ပြည်သူထောင်နှင့်ချီ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း ဒေသခံများက Myanmar Now ကို ပြောပါသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၃၁ ရက်နေ့ မနက်ပိုင်းက စစ်ရဟတ်ယာဉ် ၂ စီးဖြင့် မွေ့တုံရွာကို ရောက်ရှိလာပြီး ညပိုင်းတွင် မွေ့တုံရွာနှင့် ဘေးချင်းကပ်ရွာဖြစ်သည့် ပန်းရွာတို့ကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ ၂၅၀ ကျော်ရှိသည့် မွေ့တုံရွာတွင် ၂၄၀ ကျော် မီးလောင်ကာ အိမ်ခြေ ၅၀၀ နီးပါးရှိသည့် ပန်းရွာတွင် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/qynQ5ZmIsFw]

Show More

Related Articles

Back to top button