ရုပ်သံသတင်း

“စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုက သူခိုး၊ ကြမ်းပိုးအဆင့်လောက်ပဲရှိတယ်” ဗိုလ်ကြီးအေးချမ်း

စစ်ကောင်စီကို ခုခံတော်လှန်နေသူများသည် သာမန်အရပ်သား ပြည်သူလူထုများ မဟုတ်ဘဲ NLD ပါတီဝင်များ၊ သောင်းကျန်းသူများဖြစ်ကြောင်း စစ်ခေါင်းဆောင်များက တပ်ထဲတွင် ဝါဒဖြန့်ထားသည်ဟု စစ်တပ်၌ နှစ်ပေါင်း ၂၀နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ ပြည်သူ့ဘက်ရပ်တည်နေသည့် CDM ဗိုလ်ကြီးတစ်ဦးက ပြောလိုက်ပါသည်။

စစ်ရေးအရ ဖိအားများကြောင့် စစ်ကောင်စီကို ထပ်ပြီးစွန့်ခွာလာမည့် တပ်မတော်သားများ ပြီးခဲ့သည့်နှစ်ထက် ပိုမိုများပြားလာနိုင်ကြောင်း သူကဆိုသည်။ ဒါ့အပြင် စစ်ကောင်စီ၏ လတ်တလောစစ်ရေးလှုပ်ရှားမှုများအပါအဝင် တပ်တွင်းနောက်ဆုံးအခြေအနေများနှင့် ပတ်သက်ပြီး CDM စစ်သားများနှင့် စုဖွဲ့ထားသည့် ပြည်သူ့စစ်သားကာကွယ်ရေးတပ်ဖွဲ့ PSDF တွင် တိုက်ခိုက်ရေးနှင့် စစ်ဗျူဟာဆိုင်ရာ အကြံပေးအဖြစ် တာဝန်ယူထားသူ ဗိုလ်ကြီးအေးချမ်းကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/5DTIS0D3SLA]

Show More

Related Articles

Back to top button