
“တစ်နှစ်ကို ငွေကြေး ဒေါ်လာ သန်း ၅၀၀လောက်ဆိုတာထက် ပိုကြီးတဲ့အကြောင်းအရာကတော့ ‘မင်းတို့က တရားမဝင်ဘူး။ မင်းတို့ကို စီးပွားရေးလုပ်ငန်းရှင်အကြီးကြီးတွေက၊ ဒီလောက်ကြီးတဲ့လုပ်ငန်းကြီးတွေက မင်းတို့ကို မယုံကြည်တော့ဘူး။ မင်းတို့နိုင်ငံမှာ စီးပွားရေးလုပ်ဖို့ မသင့်တော်ဘူး’ လို့ ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာပါပဲ”
ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီးတွေဖြစ်တဲ့ ပြင်သစ် တိုတယ်နဲ့ အမေရိကန် ချက်ဗရွန်တို့က မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ အသီးသီးဆုံးဖြတ်လိုက်တာဟာ စစ်ကောင်စီအတွက် အများကြီး အထိနာစေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်က ပြောလိုက်ပါတယ်။
စစ်ကောင်စီရဲ့ အဓိကဝင်ငွေရလမ်းတွေကို ဖြတ်တောက်နိုင်တာဟာ စစ်အာဏာရှင်တော်လှန်ရေးမှာ ဘယ်လောက်အကျိုးရှိပါသလဲ။ ဆက်လက်ပြီး နိုင်ငံပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ကို အီးယူနဲ့ အမေရိကန်က ဆက်လက်ပိတ်ဆို့အရေးယူမဲ့ အလားအလာတွေကော ဘယ်လိုရှိပါသလဲ။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/sQT12U4MtsA]