
စစ်ခေါင်းဆောင် မိသားစုပိုင် Mytel တာဝါတိုင်များကို နိုင်ငံပိုင်မြန်မာ့ဆက်သွယ်ရေး MPT တံဆိပ်ပြောင်းကပ်ပြီး ကာကွယ်မှုများ လုပ်ဆောင်လာပါသည်။
Myanmar Now က သီးသန့်ရရှိထားသည့် ရုပ်သံမှတ်တမ်းအရ Mytel တိုင်တစ်ခု၏ အောက်ခြေရှိ သံပြားကာထားသည့် စက်ပစ္စည်းပုံးတွင် အပြာရောင်ဆေးမှုတ်ထားသည့် MPT တံဆိပ်ကို တွေ့မြင်ရပြီး ထိုစက်ပစ္စည်းပုံး၏ တစ်နေရာတွင် Mytel ဖောင်းကြွစာလုံးကို တွေ့ရပါသည်။
ဒီလိုလုပ်ဆောင်မှုသည် စစ်အုပ်စု၏ ဝင်ငွေရစီးပွားရေးလုပ်ငန်းများ ပစ်မှတ်ထားဖျက်ဆီးခံနေရမှုကို ကာကွယ်ရန်အတွက် ပုံဖျက်လှည့်စားထားခြင်းသာဖြစ်ကြောင်း Mytel အင်ဂျင်နီယာတစ်ဦးက Myanmar Now ကို ပြောပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/fr43nJFTYrs]