
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရွှေပန်းကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အတွက် ထောက်ပို့အဖြစ် ဆောင်ရွက်ပေးနေသော ပျူစောထီးအဖွဲ့ကားတစ်စီးကို ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း(၁ ) က ဇန်နဝါရီ(၁၀)ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၇ ဦး သေဆုံးသွားကြောင်း အဖွဲ့တာဝန်ရှိသူက ပြောပါသည်။
ပျူစောထီးရုပ်အလောင်းများကို ဇန်နဝါရီ ၁၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်သယ်ဆောင်စဉ် ဝက်လက်ပြည်သူ့ကာကွယ်ရေးအဖွဲ့များက နှစ်ကြိမ်တိုင်တိုင် ထပ်မံတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကြောင်း ဝက်လက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း(၁ ) တာဝန်ခံက ဆိုသည်။ သတင်း၊ တင်ဆက် -Myanmar Now Youtube Channel
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/oWVOLhJtRNw]