ဆင်းကတ်တစ်ခုကို ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၂၀,၀၀၀ နှင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း၏ ရငွေအပေါ်မှာ ၁၅ ရာခိုင်နှုန်း အခွန်တိုးကောက်ရန် ၂၀၂၂ အခွန်အကောက်ဥပဒေကို ပြင်ဆင်ကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၆ ရက်နေ့တွင် ကြေညာခဲ့သည့် စစ်ကောင်စီ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပြည်သူလူထုအပေါ်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု ပြည်သူများက ဝေဖန်ကြသည်။
စစ်အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုး ဆိုးဝါးစွာကျဆင်းပြီး ကုန်ဈေးနှုန်းမြင့်တက်လာသည့်ဒဏ်ကို ပြည်သူများ ရင်ဆိုင်နေရသည့်အချိန်တွင် စစ်ကောင်စီက ပြည်သူများနေ့စဉ်သုံးစွဲနေသည့် ဖုန်းပြောဆိုခနှင့် အင်တာနက်အသုံးပြုခနှုန်းထားများကို အကြိမ်ကြိမ်တိုးမြှင့်နေမှုကြောင့် ပြည်သူများ အခက်အခဲများနှင့် ပိုမိုရင်ဆိုင်နေရပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/aEqNCKR4cbY]