အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အင်းတော်မြို့နယ်၊ ဂဟဲရွာ၌ ကလေးငယ် ၄ ဦးအပါအဝင် ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်းထက်ပိုင်း အင်းတော်မြို့နယ်ရှိ အိမ်ခြေ (၇၀) ကျော်သာရှိသည့် ဂဟဲကျေးရွာကို ဇန်နဝါရီ (၄)ရက်နေ့က စစ်ကောင်စီလေယာဉ်နှစ်စီး ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၅ နှစ်မှ ၁၅ နှစ်အတွင်း ကလေးအရွယ် မောင်နှမလေးဦးအပါအဝင် စုစုပေါင်း ၅ ဦး ဗုံးသီးထိမှန် သေဆုံးသွားကြောင်း ဒေသခံများက ပြောပါသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များအပါအဝင် ဒေသခံရွာသား ၄၀၀ ကျော် ဘေးလွတ်ရာ တောတောင်ထဲတွင် တိမ်းရှောင်နေကြရသည်။ ရွာအနီးပတ်ဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမရှိသလို တိုက်ပွဲဖြစ်ပွားမှုလည်းမရှိဘဲ အကြောင်းမဲ့သက်သက် ဗုံးလာကြဲခြင်းဖြစ်ကြောင်း ဂဟဲရွာဒေသခံများက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/YxphPZ-c-fM]

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles