အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်ကြောရေးကော၊ ထောင်ထဲမှာပါ လူမဆန်စွာနှိပ်စက်ခံခဲ့ရသူ

“ရေလောင်းပြီး လျှပ်စစ်ကျင်စက်နဲ့ တို့တာမျိုးတွေ၊ အဆိုးဆုံးတစ်ချက်ကတော့ ယောက်ျား(လိင်)အင်္ဂါကို ကန်တာ၊ အဲ့ဒဏ်တွေ တော်တော်မခံစားနိုင်ဘူး။ အဲ့ဒါ ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာ”

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသော ပြည်သူများကို ရှေ့တန်းက ဒိုင်းနှင့် အကာအကွယ်ပေးခဲ့သည့် ကိုစိုင်းကိုကိုသည် ဧပြီလ ၈ရက် စစ်ကောင်စီတပ်၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုတွင် နောက်ကျောကို သေနတ်ထိမှန်ကာ ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေး၌သာမက အင်းစိန်ထောင်အတွင်းတွင်ပါ စစ်ကောင်စီတပ်သားများ၏ လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုကို ကြုံတွေ့ခဲ့ရသည့် အသက် ၃၈နှစ်အရွယ် ကိုစိုင်းကိုကိုကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​
[youtube https://youtu.be/683JxWK3EiM]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles