
နိုင်ဝင်ဘာလ ၁ရက်နေ့က စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သရက်ကန်ကျေးရွာအနီးတွင် လယ်ယာလုပ်ကိုင်နေသည့်ရွာသား ၃ဦးကို စစ်ကောင်စီတပ်သားများက အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း ဒေသခံများကပြောပါသည်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့များ၏ အကြောင်းမဲ့သတ်ဖြတ်မှုကြောင့် အောက်တိုဘာ ၁ ရက်နေ့မှ ယနေ့အထိ ဒေသခံ ၁၇ဦး သေဆုံးခဲ့ရပြီး ယခုလို ဒေသခံများ နေ့စဉ်သတ်ဖြတ်ခံနေရသဖြင့် သာမန်ဒေသခံများကပါ စစ်ကောင်စီကို ပြန်လည်ခုခံတိုက်ခိုက်ရန် ကြိုးစားလာကြကြောင်း သိရပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/onbCX8y04NY]



