အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်ဆင်ရေးလုပ်ရင်တောင် စီးပွားရေးလိုသဘောထားတဲ့ စစ်တပ်

“ဝင်ငွေထွက်ငွေ မမျှတတော့ အိမ်ထဲက ဖုန်းတို့၊ လူသုံးပစ္စည်းတို့ အဖိုးတန်တာယူမယ်။ ယူပြီးရင် လက်စတုံး မီးရှို့ပစ်လိုက်တာ… စစ်တပ်မှာက စစ်ဆင်ရေးခွင်ဆိုရင်တောင်မှ ဘယ်ခွင်ဆိုရင် ထောတယ်၊ ဘယ်ခွင်ဆိုရင် မကောင်းဘူးတို့ အဲ့လိုမျိုး…..”

—————————————–

ဝင်ဖို့သာလွယ်ကူပြီး ထွက်ပြီးအင်မတန်ခက်တဲ့ စစ်တပ်ထဲမှာ ဗိုလ်မှူးအဆင့်လောက်ရောက်ပြီဆိုတာနဲ့ ရာထူးတိုးချင်ရင် တပ်သားသစ်ရဖို့ ကျွန်ဝယ်သလိုဝယ်ပြီး စုဆောင်းပေးရတဲ့ စစ်ကောင်စီတပ်ကို ဘာကြောင့် စွန့်ခွာနေကြတာပါလဲ။

စစ်သင်တန်းမှာ ရိုက်သွင်းလိုက်တဲ့ ကြီးနိုင်ငယ်ညှဉ်း၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေအကြောင်း၊ စစ်ဆင်ရေးကို စီးပွားရေးလိုသဘောထားပြီး ပစ္စည်းလု၊ အိမ်မီးရှို့တာတွေကို ဆက်တိုက်ကျူးလွန်လေ့ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စိတ်နေစိတ်ထား စတဲ့ တပ်တွင်းအခြေအနေတွေနဲ့ပတ်သက်လို့ လုံခြုံရေးအရ သူ့ကိုယ်သူ ဗိုလ်ကြီးဇင်ယော်လို့ မိတ်ဆက်ထားတဲ့ CDM အရာရှိတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://www.youtube.com/watch?v=Wn0aXLEphqY]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles