အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန် မီးပွိုင့်တစ်ခုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခံရ

ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ဘုရားလမ်းမီးပွိုင့် ယာဉ်ထိန်းရဲရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ (အောက်တိုဘာ ၁) မွန်းတည့် ၁၂ ဝန်းကျင်၌ ပစ်ခတ်တိုက်ခဲ့ရာ ၂ ဦး သေဆုံးပြီး ၇ ဦးခန့် ဒဏ်ရာရရှိသွားသည်ဟု သိရှိရသည်။ 

ထိုတိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့သူမှာ ရန်ကုန်အခြေစိုက် Burma Gunstars အဖွဲ့က ဆောင်ရွက်ခြင်းဟု သိရှိရသည်။ ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

Burma Gunstars အဖွဲ့သည် တပ်မ (၇၇) လက်အောက်ခံ ၁၀၆ တပ်ရင်းကို ပစ်ခတ်ခြင်းနှင့် ရန်ကုန် သာကေတ အမှတ် (၁) ရဲစခန်းကို ပစ်ခတ်ခြင်းများဆောင်ရွက်ခဲ့သော အဖွဲ့ဖြစ်ကြောင်း သိရှိရသည်။ 

စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြကန့်ကွက်သူများ အကြမ်းဖက်ပစ်ခတ်ခံရပြီးနောက် ဇွန်လမှစ၍ ရန်ကုန်နှင့် မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ကြီးများတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရန်ကုန်မြို့ အချက်အချာမြို့နယ်များဖြစ်သည့် ကမာရွတ်၊ လှိုင်နှင့် မြောက်ဥက္ကလာမြို့နယ်များတွင် စက်တင်ဘာလအတွင်းက ဗုံးပေါက်ကွဲမှု၊ ပစ်ခတ်မှုများ မကြာခဏဆိုသလိုဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၂၈ နံနက်ပိုင်းက ရန်ကုန်မြို့လယ် ကျောက်တံတားရဲစခန်းရှိ ရဲဝန်ထမ်းများနေထိုင်ရာ ၄ လွှာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ 

မှတ်ချက်။ မူရင်းသတင်းတွင် တိုက်ခိုက်သည့်အဖွဲ့မှာ (Myanmar Defence Force – MDF) ဟု မှားယွင်းစွာဖော်ပြထားပါသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles