အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်နဲ့ ဩဂုတ်လ ၃ ရက်နေ့မှာ တွေ့ဆုံခွင့်ပြုခဲ့ပါတယ်။ ဒီတွေ့ဆုံမှုဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် မတိုင်မီ သုံးရက်အလိုမှာ ဖြစ်ပေါ်ခဲ့တာပါ။
ဒီတွေ့ဆုံမှုနောက်ပိုင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌက ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ အပြည့်အဝ ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ အရပ်သားအရေခြုံ စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အာဆီယံရဲ့ တောင်းဆိုချက်ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် နောင်မှာ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ထားဖို့ မလိုအပ်တော့ဘူးလို့လည်း ပြောဆိုလာပါတယ်။
အာဆီယံရဲ့ တောင်းဆိုချက်တွေကို အခုလို ပြောင်ပြောင်တင်းတင်း ပြန်လည်အန်တုလာတာ ဘာကြောင့်လဲ။
စစ်အစိုးရအနေနဲ့ အာဆီယံရဲ့ ဖိအားကို ရင်ဆိုင်နိုင်ဖို့ ဘယ်လို နိုင်ငံရေး၊ သံတမန်ရေး အင်အားတွေကို အားကိုးနေတာလဲ။ အာဆီယံရဲ့ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မှုကရော ဘယ်လောက်အထိ ထိရောက်နိုင်ပါသေးသလဲ။
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး အာဆီယံအရေး ကျွမ်းကျင်သူ၊ Forum of Federations ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဦးဝင်းမင်းရဲ့ သုံးသပ်ဆွေးနွေးချက်ကို တင်ဆက်ပေးထားပါတယ်။
မေးမြန်း၊ တင်ဆက် – သဇင်လှိုင်
ရိုက်ကူး၊ တည်းဖြတ် – မြတ်ကြီး



