အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ထိုင်းရောက် မြန်မာစစ်ခေါင်းဆောင်ကို ကန့်ကွက် ဆန္ဒပြ

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း စစ်ခေါင်းဆောင် သမ္မတ ဦးမင်းအောင်လှိုင်ကို ထိုင်းနိုင်ငံရောက် မြန်မာပြည်သူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ယနေ့ ( ဩဂုတ်လ ၆ ရက်) မွန်းလွဲတွင် ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့၌ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ထိုင်းနှင့် မြန်မာနိုင်ငံသား လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ ပါဝင်သည့် ဆန္ဒပြသူများက “ မအလ မင်းလို ရာဇဝတ်ကောင်ကို ငါတို့ မကြိုဆိုပါ” ၊ “ စစ်ခေါင်းဆောင်တွေ ကျဆုံးရေး”၊ “ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး” စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

ယနေ့ (ဩဂုတ်လ ၆ ရက်) နံနက်ပိုင်းတွင် ဦးမင်အောင်လှိုင်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေပြီး အစိုးရ ဧည့်ဂေဟာတွင် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်းဝီရာကူးလ် ( Anutin Charnvirakul) နှင့် ထိုင်းအစိုးရ အဖွဲ့ဝင်များက ကြိုဆိုခဲ့ကြသည်။

မြန်မာစစ်ခေါင်းဆောင်၏ ထိုင်းခရီးစဉ်အတွင်း အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးပြဿနာ၊ နယ်စပ် ကုန်သွယ်ရေးပြန်လည် စတင်ရေးနှင့် မြစ်ရေညစ်နွမ်းမှုဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် ထိုင်း-မြန်မာ စုပေါင်း အလုပ်ဖွဲ့တစ်ခု ဖွဲ့စည်းရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထိုင်း သတင်းဌာနများက ရေးသားထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်ကို လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသည့် အဖွဲ့အစည်းများက ကန့်ကွက်စာများထုတ်ပြန်ထားပြီး ထိုင်းနိုင်ငံရေးပါတီ Fair Party ၏ လွတ်တော် အမတ် Kannavee Suebsang က လည်း ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button