အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တရုတ်အကြွေးနွံနစ်နေသော မြင်းခြံသံမဏိစက်ရုံ ပြန်လည်ပတ်ရန် စစ်ကောင်စီကြိုးပမ်း 

ကျပ်ဘီလျံနှင့်ချီ အကြွေးနွံနစ်ကာ အရှုံးပေါ်နေသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားခဲ့သည့် မြင်းခြံသံမဏိစက်ရုံစီမံကိန်းကို ပြန်လည်ပတ်ရန် စစ်ကောင်စီက စိုင်းပြင်းလျက်ရှိသည်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) က စတင်အကောင်အထည်ဖော်ခဲ့သော မြင်းခြံသံမဏိစက်ရုံစီမံကိန်းမှာ လုပ်ငန်းမ​အောင်မြင်သဖြင့် စက်မှုဝန်ကြီးဌာနကို လွှဲပြောင်းခဲ့ရာ တရုတ်ချေးငွေကို MEC အစား ပြည်သူများက ပေးဆပ်နေရသည့် စီမံကိန်းဖြစ်သည်။ 

လေးနှစ်ကျော်ကြာ ရပ်ဆိုင်းထားသည့် အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ ဩဂုတ် ၁၆ ရက်နေ့တွင် သွားရောက်ကြည့်ရှုခဲ့သော စစ်ကောင်စီ၏ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးပြန်လည်စတင်နိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သံမဏိစက်ရုံစီမံကိန်းများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရန် စစ်ကောင်စီဥက္ကဋ္ဌက လမ်းညွှန်ထားသည်ဟုလည်း ဒေါက်တာချာလီသန်းက ပြောကြားခဲ့ကြောင်း စက်မှုဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်စာမျက်တွင် ဖော်ပြထားသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်တပ်ပိုင် မြဝတီရုပ်သံသတင်းထုတ်လွှင့်ချက်အရ ဒေါက်တာချာလီသန်း သွားရောက်ကြည့်ရှုစဉ် စက်ရုံအရံပစ္စည်းများ၊ ကုန်ကြမ်းများမှာ မြင်းခြံသံမဏိစက်ရုံ အဆောက်အအုံပြင်ပ၌ မြက်ရိုင်းပင်များ ဖုံးလွှမ်းနေသည်ကို တွေ့ရသည်။ 

မြင်းခြံသံမဏိစက်ရုံစီမံကိန်းကို စစ်ဗိုလ်ချုပ်ကြီးများ ဦးဆောင်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက် ၂၀၀၅ ခုနှစ်တွင် တရုတ်နိုင်ငံပိုင် China Development Bank (CDB) ဘဏ်မှ ယူရိုငွေ ၁ ဒသမ ၁ ဘီလျံ ချေးယူကာ စစ်တပ်ပိုင် MEC က စတင်အကောင်အထည်ဖော်ခဲ့သည်။ 

စစ်ဗိုလ်ချုပ်ကြီးများလုပ်ကိုင်ခဲ့သော မြင်းခြံသံမဏိစက်ရုံစီမံကိန်းသည်  ၂၀၁၃ မှ ၂၀၁၈ အထိ ငါးနှစ်အတွင်း ကျပ် ၁၃၀ ဘီလျံကျော် အရှုံးပေါ်ခဲ့ကာ အတိုးနှင့် အရင်းပေါင်း ၁ ဒသမ ၆ ဘီလျံကျော် အကြွေးတင်နေကြောင်း NLD အစိုးရလက်ထက် မန္တလေးတိုင်းလွှတ်တော်သို့ တင်သွင်းသော စာရင်းစစ်ချုပ်အစီရင်ခံစာအရ သိရသည်။ 

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆားခါရွာအနီး မြေဧက ၁,၀၄၃ ပေါ်တွင် စီမံကိန်းအဆင့်အလိုက် အကောင်အထည်ဖော်ရန် ရည်မှန်းခဲ့သော်လည်း စီမံကိန်းအဆင့်(၁) အပြီး ကုန်ထုတ်လုပ်မှုစတင်ချိန်တွင် တွက်ခြေမကိုက်သဖြင့် ၂၀၁၂ တွင် စက်မှုဝန်ကြီးဌာနကို လွှဲပြောင်းပေးခဲ့သည်။

စစ်အစိုးရလက်ထက်က အကောင်အထည်ဖော်ခဲ့သော အကြီးစားစက်ရုံစီမံကိန်းများမှာ မျှော်မှန်းထားသည်ထက် အရှုံးပေါ်နေသဖြင့် NLD လက်ထက်တွင် ၂၀၁၇ ခုနှစ်တွင် နိုင်ငံပိုင်စက်ရုံ ၂၄ ခုကို ရပ်ဆိုင်းခဲ့ရာ မြင်းခြံသံမဏိစက်ရုံလည်း ပါဝင်ခဲ့သည်။ 

မြင်းခြံသံမဏိစက်ရုံအတွက် တရုတ်နိုင်ငံကို နေ့စဉ်ပေးဆပ်နေရသည့် ပမာဏမှာ ယူရိုငွေ ၃ သိန်းကျော် (မြန်မာငွေကျပ်သိန်း ၄၉၀၀ ကျော်) ရှိကြောင်း လက်ရှိစစ်ကောင်စီက ဖမ်းဆီးထားသည့် မန္တလေးတိုင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဇာနည်အောင်က ၂၀၂၀ ခုနှစ်အတွင်း တိုင်းလွှတ်တော်သို့ တင်ပြခဲ့သည်။ 

ထိုသို့ အကြွေးနွံနစ်ကာ အရှုံးပြနေသော စီမံကိန်းကို စစ်ကောင်စီက ပြန်လည်စတင်ရန် စီစဉ်နေခြင်းမှာ စီမံကိန်းအစီအစဉ် စနစ်တကျမရှိဘဲ NLD အစိုးရက ရပ်ဆိုင်းခဲ့သောကြောင်း တမင်တကာ ပြန်လုပ်ပြခြင်းသားဖြစ်နိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအကြောင်း လေ့လာစောင့်ကြည့်သူတစ်ဦးက Myanmar Now ကို ပြောသည်။

“အရင်တုန်းက ပိတ်ခဲ့လို့၊ NLD လက်ထက်မှာ ပိတ်ခဲ့လို့ ငါတို့လက်ထက်မှာ လုပ်နိုင်တယ်ဆိုတဲ့ နိုင်ငံရေးအရ အမှတ်လိုချင်လို့ လုပ်တယ်လို့ပဲမြင်တယ်” ဟု အမည်မဖော်လိုသူ အဆိုပါအမျိုးသားက ဆိုသည်။ 

အရပ်သားအစိုးရလက်ထက်တွင် အကြီးအကျယ်အရှုံးပေါ်နေသော နိုင်ငံပိုင်စီမံကိန်းများကို ရပ်ဆိုင်းကာ ဘဏ္ဍာငွေအလေအလွင့် နည်းပါးစေရန် ဆောင်ရွက်ခဲ့သော်လည်း စစ်ကောင်စီက လျှပ်စစ်ကားထုတ်လုပ်ရေးနှင့် စက်မှုလုပ်ငန်းများအကြောင်း မစားရဝခမန်း ပြောဆိုနေသည်ဟုလည်း ၎င်းက ဝေဖန်သည်။

“လေယာဉ်ပျံထုတ်မယ်တို့၊ လျှပ်စစ်ကားထုတ်မယ်တို့၊ မိုးပေါ်တက်မယ်တို့။ မြေကြီးပေါ်ကကို မကြွနိုင်ဘူး” ဟု အစိုးရအဆက်ဆက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် စီမံကိန်းကြီးများအကြောင်း လေ့လာစောင့်ကြည့်နေသူ ၎င်းက ဆိုသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pen

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button