အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ဘွဲ့လွန်ပညာရေးကို စွန့်ပြီး တောတွင်းမှာ အသက်ကယ်နေတဲ့ လူငယ်ဆရာဝန်

တချိန်က အစိုးရဆေးရုံမှာ တာဝန်ထမ်းဆောင်ရင်း ဘွဲ့လွန်ပညာသင်ကြားနေခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် ဒေါက်တာပေါ်ဦးဟာ စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သလို နောက်ပိုင်းမှာ ပဲခူးတိုင်း တောတွင်းတနေရာက လျှို့ဝှက်ဆေးရုံမှာ ဆရာဝန်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေပါတယ်။

တိုက်ပွဲတွေကနေ ဒဏ်ရာရလာတဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ မြို့ပေါ်ဆေးရုံတွေကို သွားရောက်ကုသခွင့်မရတဲ့ ဒေသခံပြည်သူတွေကို အခမဲ့ကုသပေးနေတဲ့ ဒီဆေးရုံဟာ ဆေးဝါးနဲ့ စက်ပစ္စည်း မလုံလောက်တာ၊ ဗုံးကြဲတိုက်ခိုက်ခံရနိုင်တဲ့ အန္တရာယ်တွေကို နေ့စဉ်ရင်ဆိုင်နေရပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် သူ့ရဲ့ မိတ်ဆွေ ဆရာဝန်နဲ့ သူနာပြုတချို့လည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။

လူငယ်ဘဝရဲ့ အကောင်းဆုံးနှစ်တွေကို တောတွင်းမှာ ကုန်ဆုံးနေရပေမယ့် ဒေါက်တာပေါ်ဦးကတော့ ဒဏ်ရာရလူနာတွေကို ပိုမိုလုံခြုံစွာ ကုသနိုင်မယ့် မြေအောက်ဆေးရုံတစ်ခု တည်ဆောက်ဖို့ အိပ်မက်ကို ဆက်လက်ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။ 

ကိုလှိုင်း၊ စောရယ်/ Myanmar Now

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles