တချိန်က အစိုးရဆေးရုံမှာ တာဝန်ထမ်းဆောင်ရင်း ဘွဲ့လွန်ပညာသင်ကြားနေခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် ဒေါက်တာပေါ်ဦးဟာ စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သလို နောက်ပိုင်းမှာ ပဲခူးတိုင်း တောတွင်းတနေရာက လျှို့ဝှက်ဆေးရုံမှာ ဆရာဝန်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေပါတယ်။
တိုက်ပွဲတွေကနေ ဒဏ်ရာရလာတဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ မြို့ပေါ်ဆေးရုံတွေကို သွားရောက်ကုသခွင့်မရတဲ့ ဒေသခံပြည်သူတွေကို အခမဲ့ကုသပေးနေတဲ့ ဒီဆေးရုံဟာ ဆေးဝါးနဲ့ စက်ပစ္စည်း မလုံလောက်တာ၊ ဗုံးကြဲတိုက်ခိုက်ခံရနိုင်တဲ့ အန္တရာယ်တွေကို နေ့စဉ်ရင်ဆိုင်နေရပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် သူ့ရဲ့ မိတ်ဆွေ ဆရာဝန်နဲ့ သူနာပြုတချို့လည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။
လူငယ်ဘဝရဲ့ အကောင်းဆုံးနှစ်တွေကို တောတွင်းမှာ ကုန်ဆုံးနေရပေမယ့် ဒေါက်တာပေါ်ဦးကတော့ ဒဏ်ရာရလူနာတွေကို ပိုမိုလုံခြုံစွာ ကုသနိုင်မယ့် မြေအောက်ဆေးရုံတစ်ခု တည်ဆောက်ဖို့ အိပ်မက်ကို ဆက်လက်ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။
ကိုလှိုင်း၊ စောရယ်/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



