အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“ပြည်သူ့ရဲဘော်တွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော့်ဆုံးရှုံးမှုက ဘာမှမဟုတ်ဘူး”

“ပြည်သူ့ရဲဘော်တွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော့်ဆုံးရှုံးမှုက ဘာမှမဟုတ်ဘူး” – ကိုဇွန်မိုးအောင်၊ မြန်မာ့လက်ရွေးစင် CDM ဘောလုံးသမား 

ကိုဇွန်မိုးအောင်က ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝ (၁၂) နှစ်ကျော် ဖြတ်သန်းခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်းမှာလည်း ကွင်းလယ်လူအဖြစ် ထင်ရှားခဲ့သူပါ။ ၂၀၁၅ ဆီးဂိမ်းမှာ မြန်မာ ယူ-၂၃ အသင်းနဲ့အတူ ငွေတံဆိပ်ဆုရအောင် ပါဝင်ကစားခဲ့တာက သူ့ကစားသမားဘဝရဲ့ အရေးပါတဲ့ မှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။ 

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ သူဟာ အာဏာသိမ်းမှုကို လက်မခံဘဲ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ အစောဆုံး ပါဝင်ခဲ့သူတွေထဲက တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့်ပဲ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝဟာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပါတယ်။

နောက်ပိုင်းမှာ ထိုင်းနိုင်ငံကို တိမ်းရှောင်ခဲ့ပြီး ထိုင်းကလပ်တစ်ခုနဲ့ စာချုပ်ချုပ်နိုင်တဲ့ အခွင့်အရေးရှိခဲ့ပေမယ့် ပတ်(စ)ပို့မရှိတာကြောင့် အဲ့ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရပါတယ်။ လက်ရှိမှာတော့ တော်လှန်ရေးရန်ပုံငွေ ဘောလုံးပွဲတွေ အပါအဝင် ကြေးစားပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း တော်လှန်ရေးမှာ ထောက်ပို့တပ်သားတစ်ယောက်အနေနဲ့ ပါဝင်နေပါတယ်။ 

ကိုဇွန်မိုးအောင်ဟာ နွေဦးတော်လှန်ရေးထဲမှာ ပါဝင်နေတဲ့ ‘ဟားငါးကောင်’ အဖွဲ့က လူရွှင်တော်တွေ ဖြစ်ကြတဲ့ ကိုတိုင်းကျော်၊ ကိုပြည်ကျော်တို့ရဲ့ ညီအရင်းလည်း ဖြစ်ပါတယ်။ စစ်အာဏာရှင်လက်အောက်မှာ ဘောလုံးဆက်မကန်ဘူးလို့ ပြတ်ပြတ်သားသား ကြေညာခဲ့သူရဲ့ ဘဝအချိုးအကွေ့၊ လက်ရှိရုန်းကန်မှုနဲ့ အခက်အခဲတွေကြားကနေ တော်လှန်ရေးနဲ့ ဝါသနာကို ဘယ်လိုအကောင်အထည်ဖော်နေသလဲဆိုတာ Myanmar Now က တွေ့ဆုံမေးမြန်းထားပါတယ်။

မေးမြန်း – သဇင်လှိုင်

ရိုက်ကူး၊ တည်းဖြတ် – မြတ်ကြီး

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button