အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကချင် ဖားကန့်မြို့နယ်တွင် အင်တာနက်ပြတ်တောက်နေ 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယမန်နေ့ (သြဂုတ် ၂၀) ည ၈ နာရီခန့်မှစ၍ အင်တာနက်ပြတ်တောက်နေကြောင်း ဖားကန့်မြို့ဒေသခံများက ပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လှုပ်ရှားရာ နယ်မြေဖြစ်သည့် ဖားကန့်မြို့နယ်တွင် ထိုသို့ကန့်သတ်မည်ကို အကြောင်းကြားမှု တစ်စုံတစ်ရာမရှိကြောင်း ဖားကန့်မြို့ခံများထံမှ သိရသည်။

“အင်တာနက်က အကုန်ပြတ်သွားတာ၊  ဝိုင်ဖိုင်ရော၊ ကြိုးဝိုင်ဖိုင်တွေ၊ မိုဘိုင်းဒေတာတွေ အကုန်ပြတ်တာ၊ မိုင်တဲတွေလည်း ပြတ်တယ်။ အကုန်ပြတ်သွားတာ၊ ကြိုးဝိုင်ဖိုင်တွေ၊ အော်ရီဒူးဝိုင်ဖိုင်စက်အသေးတွေရော အကုန်ပြတ်သွားတာ” ဟု ဖားကန့်မြို့ခံတစ်ဦးက ပြောသည်။

ယနေ့ ဩဂုတ် ၂၁ မွန်းလွဲပိုင်းအထိ ပြတ်တောက်နေသော ဖားကန့်မြို့ပေါ်တွင် ထူးခြားသည့်လှုပ်ရှားမှုများ မရှိသေးကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ဖုန်းဆက်ပြောကြားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အဓိက နိုင်ငံရေးကြောင့် အခုလို အင်တာနက်ပြတ်တာနေမှာ။ ဘာလို့လဲဆို ဖားကန့်က (ဆန္ဒပြပွဲ) သပိတ်တွေဆို အရမ်းအောင်မြင်တယ်။ CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) တွေလည်း အောင်မြင်တယ်။ အဓိက KIA လည်းရှိတော့ နိုင်ငံရေးကြောင့်ပဲ နေမှာပါ” ဟု အထက်ပါ မြို့ခံအမျိုးသားက ပြောသည်။

ကချင်ပြည်နယ်ရှိ မြို့အတော်များများတွင် အင်တာနက်ဖြတ်တောက်မည်ဟု ရုံးတွင်းလျှို့ဝှက်အနေဖြင့် ယမန်နေ့က ကြားရသည်ဟု တယ်လီနောဝန်ထမ်းများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။  

ဖားကန့်မြို့နယ်အတွင်း အင်တာနက်ပြတ်တောက်ခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများကို မေးမြန်းရန် ကြိုးစားနေသော်လည်း လတ်တလောဆက်သွယ်မရသေးပေ။ 

၂၀၁၉ ခုနှစ်အတွင်း စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေချိန်တွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တချို့ကို ဆက်သွယ်ရေးပြတ်တောက်စေရန် ကာလအတန်ကြာ အင်တာနက်ဖြတ်တောက်ခဲ့ဖူးသည်။

လက်ရှိတွင် KIA နှင့် စစ်တပ်သည် ကချင်ပြည်နယ်နှင့် ရှမ်းမြောက်၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး နယ်မြေထိစပ်နေသော စစ်ကိုင်းတိုင်းတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တချို့နှင့် KIA က ပူးပေါင်းတိုက်ခိုက်နေသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button