အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် အလိုရှိသူကို မမိ၍ ဇနီးကိုဖမ်း၊ တစ်နှစ်သမီးပါ ဒုက္ခတွေ့နေ

PDF နှင့် ဆက်သွယ်သည်ဟု စွပ်စွဲခံရပြီး တိမ်းရှောင်နေသည့် မန္တလေးမှ အသက် ၂၉ နှစ်အရွယ် ကိုအောင်ကျော်ထက် (ခ) တရုတ်လေးက ၎င်းကို ဖမ်းမမိသဖြင့် ဖျားနာနေသည့် ဇနီးနှင့် တစ်နှစ်အရွယ် သမီးငယ်ကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းသွားသည်ဟု ပြောသည်။

ဇူလိုင် ၃၁ ညနေပိုင်းက အိုးဘို၊ ရွှေကျင်ရပ်ကွက်ရှိ နေအိမ်သို့ စစ်ကောင်စီတပ်ရောက်လာကာ ဇနီးဖြစ်သူ အသက် ၂၁ အရွယ် မပိုးအိခိုင်၊ တစ်နှစ်အရွယ် သမီးဖြစ်သူတို့ကို ဖမ်းခေါ်သွားခြင်းဖြစ်ပြီး နောက်နှစ်ရက်အကြာတွင် ကလေးကို ပြန်လွှတ်ပေးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ကလေးငယ်ကို ပြန်လွှတ်သည့် ဩဂုတ်၂တွင် မိခင်နို့ အချိန်ပိုင်း တိုက်ကျွေးခွင့်ပြုမည်ဟု ရဲစခန်းက ပြောသော်လည်း နောက်တစ်ရက်၌မူ မပိုးအိခိုင်တွင် ကိုဗစ်ဖြစ်နေပြီဟုဆိုကာ ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း ဇနီးဖြစ်သူနှင့် ပတ်သက်၍ စုံစမ်း၍မရတော့ကြောင်း ကိုအောင်ကျော်ထက်က ပြောသည်။

“ကိုဗစ်တွေ့တယ်ဆိုတော့ ကလေးကိုလည်း အလာမခံတော့ဘူး။ ကလေးကတော့ အိုဗာတင်းနဲ့ပဲ ဖြေရှင်းနေရတာပေါ့” ဟု ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မပိုးအိခိုင်၏ ကျန်းမာရေးအခြေအနေ၊ ဖမ်းဆီးထိန်းသိမ်းထားမှုတို့နှင့် စပ်လျဉ်း၍ အမှတ် ၂ နယ်မြေရဲစခန်းကို ဆက်သွယ်မေးမြန်း၍ မရသေးပါ။

ဓားစာခံဖမ်းဆီးသူများကို နှိပ်ကွပ်သည့် စစ်ကောင်စီ၏ လုပ်ရပ်များအနက် မန္တလေးတိုင်း၊ မိုးကုတ် မြို့နယ်အတွင်း ဆန္ဒပြခေါင်းဆောင်ဖြစ်သူ ဦးစိုးဌေးကို မမိ၍ ဇနီးနှင့် သမီးကို ဖမ်းသွားပြီး ဆူပူရန်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ – က ဖြင့်ထောင်သုံးနှစ်ချခဲ့သည့် ဖြစ်စဉ်မှာ ထင်ရှားသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးကတည်းက ခြောက်လကျော်အတွင်း စစ်ကောင်စီက လူ ၇၀၀၀ ကျော်ကို ဆက်လက်ဖမ်းဆီးထားကြောင်း၊ ဇွန် ၄ အထိစာရင်းအရ ဓားစာခံအဖြစ် ဖမ်းထားသူ ၄၅ ဦးထက်မနည်း ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းက ဆိုသည်။

အာဏာလုစစ်ကောင်စီက ထိုစာရင်းပါ ကိန်းဂဏန်းများမှာ ချဲ့ကားထားခြင်းဖြစ်သည်ဟု မကြာခဏ တုံ့ပြန်ခဲ့ပြီး AAPP ကို မတရားအသင်း ကြေညာခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button