အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကိုဗစ်ဖြစ်နေသည့် CDM စစ်ဗိုလ်နှင့် အမတ်ဟောင်းကို စစ်ကောင်စီဖမ်း

ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် ဆေးကုနေသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသော စစ်ဗိုလ်နှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း အပါအဝင် စုစုပေါင်းလေးဦးကို စစ်ကောင်စီက မန္တလေးမြို့၌ ဖမ်းဆီးသွားသည်။

ရွေးကောက်ပွဲနှင့် လွှတ်တော်စောင့်ကြည့်လေ့လာရေး အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကနောင်အင်စတီကျု့၏ ရုံးကို ဇွန် ၂၁၊ ည ၁၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဉ် ထိုသို့ ဖမ်းဆီးခံရခြင်းဖြစ်သည်။

“ကိုဗစ်ဖြစ်တော့ သူတို့လည်း ဆေးကုသစရာနေရာမရှိဘူး။ လောလောဆယ် ယာယီဆေးကုဖို့ဆိုပြီး ရုံးမှာနေကြတာ”ဟု ကနောင်အင်စတီကျု့တာဝန်ခံတစ်ဦးက Myanmar Now ကို ပြောသည်။

စစ်ကောင်စီဖမ်းသွားသူများမှာ ဗိုလ်စိုးဝေလှိုင်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးနှင့် ကနောင်အင်စတီကျုမှ ဝန်ထမ်းနှစ်ဦးတို့ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၎င်းတို့တွင် ကိုဗစ်နိုင်တင်းလက္ခဏာအချို့ပေါ်ပေါက်နေ၍ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း Rapid Test Kit (ရောဂါရှိမရှိစမ်းသပ်သည့်ကိရိယာ) ဖြင့် စမ်းသပ်စစ်ဆေးစဉ် ကူးစက်ခံထားရသည်ဟု အဖြေထွက်ထားသူများဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ကပင် အတည်ပြုသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူ လေးဦးစလုံး မန္တလေးနန်းတွင်း၌ စစ်ကြောခံနေရဆဲဖြစ်ကြောင်း သတင်းရထားသော်လည်း အသေးစိတ်ကိုမူ စုံစမ်း၍မရသေးဟု ၎င်းက ဆက်ပြောသည်။

ဗိုလ်စိုးဝေလှိုင်သည် မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) ကို သင်တန်းပေးနေသူဖြစ်ကြောင်း၊ ဇွန် ၂၂ နံနက်ပိုင်း MPDF ရုံးခန်းတစ်ခုကို ဝင်စီးနိုင်ရန် သတင်းပေးခဲ့သူဖြစ်ကြောင်း ရေးသားပြောဆိုချက်များနှင့် ပတ်သက်ပြီး ကနောင်အင်စတီကျုတာဝန်ရှိသူက ငြင်းဆိုသည်။

“ဒီလူတွေက ဘယ် PDF နဲ့မှလည်း အဆက်အသွယ်မရှိဘူး။ ဘယ်အဖွဲ့ကိုမှ သင်တန်းပေးနေတာမရှိပါဘူး။ ကိုဗစ်လက္ခဏာတွေဖြစ်နေတော့ ရုံးမှာပဲ ကွာရန်တင်းနေတဲ့သဘောမျိုးနေတဲ့အချိန်မှာ ပါသွားတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ စစ်ကောင်စီဘက်က ဇွန် ၂၃ ညနေပိုင်းအထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငါးလနီးပါးရှိလာချိန်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် လူပေါင်း ၉၀၀ နီးပါးသေဆုံးကာ ၆၀၀၀ ကျော် ဖမ်းဆီးခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီကမူ ၃၀၀ ခန့်သာ သေသည်ဟု ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles