အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ရှမ်း-ကရင်နီအစပ်မှာ တိုက်ပွဲပြင်းထန်နေပြီး လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရ

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီ(ကယား)ပြည်နယ် အစပ်မှာ အခုလဆန်းကတည်းက အာဏာသိမ်းစစ်တပ်ဦးဆောင်တဲ့ ပအိုဝ်းပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရွာလုံးကျွတ်မီးရှို့ခံရတာတွေလည်း ရှိနေပါတယ်။ 

တပ်သားသစ်အင်အား သောင်းနဲ့ချီ စုဆောင်းထားပြီလို့ ကြေညာထားတဲ့ ပအိုဝ်းပြည်သူ့စစ် PNO/PNA အဖွဲ့ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို စစ်တပ်ပြန်ထိန်းချုပ်နိုင်အောင် ကူညီတိုက်ခိုက်ပေးခဲ့ပါတယ်။ 

စစ်တပ်နဲ့ PNO/PNA ပူးပေါင်းတပ်ဖွဲ့တွေဟာ ဖယ်ခုံနဲ့ ပင်လောင်းမြို့နယ်အစပ်က မြောက်စလုံးရွာနဲ့ ဘောရန်ရွာကို အောက်တိုဘာ ဒုတိယပတ်အတွင်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဘက်က ပြောပါတယ်။ 

PNO/PNA ဘက်ကတော့ သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စောရယ်၊ မြတ်ကြီး/ Myanmar Now 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button