အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မင်းတပ်စစ်ရှောင်များအတွက် အလှူငွေလာထုတ်သူ ကျပ်သိန်း ၁၇၀ နှင့်အတူ ဖမ်းဆီးခံရ 

​ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ရှိ စစ်ဘေး​ရှောင်ပြည်သူများအတွက် စစ်ကိုင်းတိုင်း ကလေးမြို့တွင် အလှူငွေလာထုတ်သူ ကိုအောင်ထန်းဖေမှာ ယမန်နေ့ (မေ ၁၉) တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း မင်းတပ်စစ်ဘေးရှောင်များကူညီရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

စစ်ရှောင်များအတွက် လှူဒါန်းထားသည့် ငွေကျပ် သိန်း ၁၇၀ နှင့်အတူ ကိုအောင်ထန်းဖေ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ကလေးမြို့တွင် ၎င်းတည်းခိုခဲ့ရာ အိမ်ရှင် ဦးထန်းမန်ကီးကိုလည်း ယနေ့ (မေ ၂၀) တွင် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့သည်ဟု သိရသည်။ 

“သူက ဟိုဘက်(ကလေးမြို့)မှာ လှူတဲ့သူတွေရှိတယ်။ လှူတဲ့သူတွေဆီ သွားတယ်။ အလှူငွေလက်ခံတယ်။ ပြီးတော့ ပစ္စည်းတွေဝယ်ပြီးမှ ပြန်လာမယ်ပေါ့။ အဲဒါကို ငွေသားနဲ့ တစ်ပါတည်းမိတာပေါ့။ ကလေးမြို့ထဲမှာ ငွေလက်ခံပြီး သွားလာတာကို စစ်လားဆေးလား မေးလားမြန်းလားနဲ့ ဖမ်းမိသွားတယ်လို့ ယူဆတယ်” ဟု မင်းတပ်စစ်ရှောင်ကူညီရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

အရေးပေါ် စားနပ်ရိက္ခာအကူအညီ လိုအပ်နေချိန်တွင် စစ်ရှောင်များကို လှူဒါန်းထားသည့် အလှူငွေများနှင့်အတူ အကူအညီပေးနေသူကို ဖမ်းဆီးခြင်းသည် စစ်ကောင်စီ၏ ယုတ်မာမှုပင်ဖြစ်ကြောင်းလည်း ၎င်းက ဆက်​ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“သူတို့က စစ်ရှောင်သော ဘာသော စဉ်းစားမှာ မဟုတ်ဘူး။ စစ်ပွဲတွေဖန်တီးတယ်။ ဖန်တီးလို့ စစ်ဘေးရှောင်ရတဲ့အခါမှာ စစ်ဘေးရှောင်တွေအတွက် ပြန်အသုံးချမယ့်ငွေတွေကို ထပ်ပြီးမှ ရမယ်ရှာပြီး ဖမ်းဆီးတာတွေလုပ်တယ်ဆိုတာ ပြောစရာစကားတောင် မရှိပါဘူး” ဟု အဆိုပါ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

ထို့ပြင် “သူတို့ကတော့ တပ်ချင်တဲ့ ပုဒ်မတပ်မယ်။ စွပ်စွပ်စွဲစွဲလုပ်မယ်။ မကြည်ရင် မကြည်သလို တခြားအမှုတွေလိုပါပဲ၊ သူတို့ မကြည်တဲ့အခါ မရမက ပုဒ်မတပ်ပြီး သူတို့လုပ်ချင်တာ လုပ်သွားမှာ။ အဲဒါကတော့ သူတို့တွေလုပ်နေကျ လုပ်ရပ်လို့ပဲ ပြောရမှာပါ” ဟု ၎င်းက ပြောသည်။ 

စစ်အုပ်ချုပ်ရေးကြေညာထားသည့် မင်းတပ်မြို့တွင် ဒေသခံ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)နှင့် အာဏာသိမ်းစစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ရာ မေလလယ်မှစ၍ မင်းတပ်မြို့ခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

လက်ရှိတွင် စစ်ရှောင်စခန်း ၇ ခုတွင် လူဦးရေ ၃၀၀၀ ကျော် ရောက်ရှိနေကြောင်း၊ စာရင်းအတိအကျ မရသေးသော်လည်း စစ်ဘေးရှောင်နေရသည့် မင်းတပ်မြို့ခံ တစ်သောင်းကျော်ရှိနိုင်ကြောင်း မင်းတပ်စစ်ရှောင်များပံ့ပိုးကူညီနိုင်ရေး တာဝန်ခံဆောင်ရွက်ပေးနေသူ ဆလိုင်းပတ်ဂျောင်က ​ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button