အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အာဏာသိမ်းစစ်တပ် အလွယ်တကူ မပြိုကွဲတာ ဘာကြောင့်လဲ

အာဏာသိမ်းစစ်တပ် အလွယ်တကူ မပြိုကွဲတာ ဘာကြောင့်လဲ ကိုရီးယားရောက် CDM ဗိုလ်ကြီး လင်းထက်အောင်နှင့် ဆက်သွယ်မေးမြန်းချက်

ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး တိုင်းပြည်အာဏာကို အဓမ္မသိမ်းယူခဲ့တဲ့ အကျိုးဆက်အနေနဲ့ စစ်တပ်ဟာ ပျက်စီး၊ ပြိုကွဲတော့မယ့် အခြေအနေတစ်ခုကို ၄နှစ်ကျော်အတွင်းမှာ ထူးထူးခြားခြား ပြောင်းလဲသွားခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိခိုလှုံနေတဲ့ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။

ဒါပေမယ့် အာဏာသိမ်းစစ်တပ် အလွယ်တကူ မပြိုကွဲသေးတဲ့ အကြောင်းအရင်းတချို့လည်း ရှိနေတယ်လို့ သူကပြောပါတယ်။ ရပိုင်ခွင့်၊ အကျိုးစီးပွားအတွက် စစ်တပ်ကို ယုံယုံကြည်ကြည်နဲ့ လက်ရှိချိန်ထိ အလုပ်လုပ်ပေးနေသူတွေ တပ်ထဲမှာ အများအပြား ရှိနေသေးပြီး၊ ဒါဟာ စစ်တပ် အလွယ်တကူ မပြိုကွဲသေးတဲ့ အကြောင်းရင်းတွေထဲကတစ်ခုလို့ ဆိုပါတယ်။

အာဏာသိမ်းပြီး လပိုင်းအကြာမှာ စစ်တပ်ကို အစောဆုံးစွန့်ခွာလာတဲ့ CDM တပ်အရာရှိတွေထဲမှာ စစ်တက္ကသိုလ်အပတ်စဉ် ၅၄က ဗိုလ်ကြီးလင်းထက်အောင်လည်း ပါဝင်ပါတယ်။ စစ်တပ်ကိုစွန့်ခွာမယ့် စစ်သားတွေကို ချိတ်ဆက်ကူညီပေးနေတဲ့ ‘ပြည်သူ့ရင်ခွင်အဖွဲ့’ မှာလည်း ဦးဆောင်ပါဝင်နေပြီး လက်ရှိမှာ ရှေ့တန်းမသွားလိုတဲ့ တပ်ဖွဲ့ဝင်တွေ စစ်ကောင်စီတပ်ထဲမှာ ပိုများလာတယ်လို့ ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

အခုဆိုရင်တော့ ဗိုလ်ကြီးလင်းထက်အောင်ဟာ တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိခိုလှုံနေတာ တစ်နှစ်ခွဲလောက် ရှိပါပြီ။

တောင်ကိုရီးယားရောက် မြန်မာတွေနဲ့အတူ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ၊ ဆန္ဒပြပွဲတွေမှာ အသက် ၃၃နှစ်အရွယ် ကိုလင်းထက်အောင် တက်တက်ကြွကြွ ပါဝင်နေပြီး တောင်ကိုရီးယားလွှတ်တော်အမတ်တွေ၊ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပွဲတွေမှာလည်း ပါဝင်နေပါတယ်။

မတူညီတဲ့ ဘာသာစကားနဲ့ လူမှုပတ်ဝန်းကျင်အသစ်မှာ ရှင်သန်ရပ်တည်ရတာ အခက်အခဲတချို့ရှိပေမယ့် မြန်မာပြည်သူတွေထက်စာရင်တော့ သူ့အတွက် အများကြီးသက်သာပါတယ်လို့ ကိုလင်းထက်အောင်က ပြောပါတယ်။

အာဏာသိမ်းကာလ ၄နှစ်အတွင်း စစ်တပ်ရဲ့ပြောင်းလဲသွားတဲ့ အခြေအနေတွေ အပါအဝင် သူသိထားတဲ့ လက်ရှိတပ်ထဲက အကြောင်းအရာတွေနဲ့ပတ်သက်ပြီး CDM ဗိုလ်ကြီး လင်းအောင်အောင် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်း – မြတ်ကြီး




နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles