အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း စစ်တပ်နှင့် KIA တို့ တိုက်ပွဲဖြစ်နေ

ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့အကြား တိုက်ပွဲဖြစ်ပွားနေလျက်ရှိသည်။

မိုးညှင်းခရိုင်အတွင်းရှိ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး တပ်စွဲထားသော စစ်တပ်စခန်းတစ်ခုကို ယနေ့နံနက်အစောပိုင်းတွင် KIA က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပ​ြီး ၁၀ နာရီဝန်းကျင်တွင် စစ်တပ်ဘက်က လေယာဉ်များ အသုံးပြုတိုက်ခိုက်နေသည်ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို အတည်ပြုသည်။ 

“အောက်ခြေသတင်းတွေက ပြည့်ပြည့်စုံစုံ မရသေးဘူး။ ကျွန်တော်တို့ ဗဟိုကနေတော့ စစ်တပ် စစ်စခန်းတွေကို ဝင်စီးဖို့၊ မြို့ပေါ်မှာ ဝင်ပြီးတိုက်ဖို့ ညွှန်ကြားတာမရှိဘူး”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် တစ်လကျော်ကတည်းက KIA တပ်မဟာ ၄ နှင့် ၆ တို့၏ စစ်ရေးလှုပ်ရှားနယ်မြေဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီးတစ်ဝိုက်တွင် KIA တပ်စခန်းများကို စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“သူတို့ (KIA)ရှေ့တန်းသမားအချင်းချင် ဘယ်လိုချိတ်ဆက်ပြီး ဝင်တိုက်တာလားဆိုတာတော့ ပြောလို့ မရသေးပါဘူး”ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်ဆံရေးတင်းမာလာပြီး လတ်တလောတွင် အာဏာသိမ်းစစ်တပ်သည် KNU၊ RCSS တို့နှင့် လည်း ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပွားလျက်ရှိသည်။

အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်းထားမည်ဟု တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ခုက ဖေဖော်ဝါရီ ၂၀ တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

စစ်အာဏာသိမ်းခြင်းနှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် CDM လှုပ်ရှားမှုအပါအဝင် လူထုလှုပ် ရှားမှုအားလုံးကို ထောက်ခံပြီး ထိုလှုပ်ရှားမှုများကို ပံ့ပိုးပေးနိုင်ရန် နည်းလမ်းရှာဖွေသွားမည်ဟုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles