အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

KNU ပြောပြတဲ့ ရေဘေးအခြေအနေ

ကရင်အမျိုးသားအစည်းအရုံး KNU ၏ ထိန်းချုပ်နယ်မြေဖြစ်သော ခရိုင်(၇)ခုလုံးတွင် ရေကြီးမှုများ ဖြစ်ပေါ်နေပြီး၊ အဆိုးဆုံးမှာ ပဲခူးတိုင်း တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့ ဖြစ်သည်ဟု KNU ဘက်က ပြောသည်။ ရေဘေးကြောင့် ပြည်သူများ အတိဒုက္ခရောက်နေချိန်တွင် စစ်ကောင်စီက ရွေးကောက်ပွဲအတွက် ရည်ရွယ်ကာ သန်းခေါင်စာရင်းကောက်မည့်လုပ်ရပ်ကို လက်မခံကြောင်းလည်း KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောသည်။ KNU ထိန်းချုပ်နယ်မြေအတွင်း ရေကြီးနစ်မြှုပ်မှု အခြေအနေများ၊ ကူညီကယ်ဆယ်ရေးသမားများကို စစ်ကောင်စီကန့်သတ်၊ ပိတ်ပင်မှုများနှင့်ပတ်သက်ပြီး ပဒိုစောတောနီး ကို ဆက်သွယ်မေးမြန်းထားသည်။ မေးမြန်း – စောရယ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles