အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဆန္ဒပြပွဲဦးဆောင်သူ ကျောင်းသားခေါင်းဆောင်တစ်ဦး သဘာဝဘေးဥပဒေဖြင့် အမှုဖွင့်ခံရ

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဦးဆောင်သူ ပြည်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုသန့်စင်ထွန်းအား ပြန်လွှတ်ပေးရန် ရာနှင့်ချီသည့် လူထုက ပြည်ခရိုင် ရဲတပ်ဖွဲ့ရုံးရှေ့တွင် စုဝေးတောင်းဆိုခဲ့သည်။ 

ကိုသန့်စင်ထွန်းအား ယနေ့ နေ့လယ်ပိုင်းတွင် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်လိုက်သည်။ 

ပြည်လူငယ်စင်တာဥက္ကဋ္ဌ ကိုစောသီဟက “လက်ဖ္ဘက်ရည်ဆိုင် ထိုင်နေတုန်း ဝင်ဖမ်းသွားတာ။ စစ်ကားတွေလည်း ပါတယ်။ ရဲကားတွေလည်း ပါတယ်။ ဆန္ဒပြတာကို ဦးဆောင်တဲ့ ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့အတွက် သူ့ကို ဖမ်းတာ။ ပုဒ်မကတော့ သူတို့ (ရဲ) တပ်ချင်တာတပ်တာပဲ” ဟု ပြောသည်။ 

ကိုသန့်စင်ထွန်းအား လတ်တလောတွင် ပြည်မြို့တစ်ဖက်ကမ်းရှိ ပန်းတောင်းမြို့ရှိ အမှတ် (၃) ကာကွယ်ရေးပစ္စည်းစက်ရုံတွင် ဖမ်းဆီးထားသည်ဟု သိရကြောင်း ကိုစောသီဟက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြည်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဖေဖော်ဝါရီ ၄ မှစ၍ နေ့စဉ် ပြုလုပ်နေခြင်းဖြစ်ပြီး လူထုအင်အား သောင်းချီပါဝင်ဆန္ဒပြနေခြင်း ဖြစ်သည်။ 

ဖေဖော်ဝါရီ ၁ တွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ နိုင်ငံ့ခေါင်းဆောင်များ၊ ဝန်ကြီးချုပ်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထားသည်။

ထို့နောက် ဆန္ဒပြပွဲများ၊ ရုံးမတက်သည့် CDM လှုပ်ရှားမှု ဦးဆောင်သူများနှင့် ပါဝင်သူများကို ဖမ်းဆီးမှုများ ရှိလာခဲ့သည်။ 

မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးတည်ရှိရာ ၇၃ လမ်း သိပ္ပံလမ်းတောင်ဘက်တွင် စစ်ကောင်စီဆန့်ကျင်ရေးသပိတ်စစ်ကြောင်းများ စုစည်းပြီး ဟောပြောစည်းရုံးခြင်းများ ယနေ့ ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ- Myanmar Now) 

စစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြမှုကြောင့် နေပြည်တော်တွင် အထက်တန်းကျောင်းသား ၄၀ ဦး (၂၇ ဦး ပြန်လွှတ်) နှင့် ကျည်တောင်တန်ကျေးရွာ ဒေသခံ ၂၀ ဦး၊ မြောင်းမြမှ ကျောင်းဆရာတစ်ဦး၊ အမ်းမှ လူငယ် ၅ ဦး၊ သံတွဲမှ ၄ ဦး၊ တောင်ကုတ်မှ ၆ ဦး၊ CDM လုပ်နေသည့် နေပြည်တော် သမဝါယမ မှ ၈ ဦး ၊ ပုသိမ်တွင် ၅ ဦး ၊ ဘားအံတွင် နည်းပညာအထက်တန်းကျောင်းအုပ်ဆရာမ တစ်ဦး၊ မကွေးတွင် ဝန်ကြီးဟောင်းတစ်ဦးတို့ ဖမ်းဆီးခံထားရသည်။ 

မန္တလေးနှင့် ရခိုင် ဝန်ကြီးချုပ်နှစ်ဦး ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံရပြီး မန္တလေးနှင့် ရှမ်းပြည်နယ် ဝန်ကြီးနှစ်ဦးလည်း ယင်းပုဒ်မဖြင့် အမှုဖွင့်ခံထားရသည်။ 

သရုပ်ဆောင် လူမင်းနှင့် ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း၊ ဒါရိုက်တာ ဏကြီး၊ ဒါရိုက်တာ ကိုပေါက်၊ အဆိုတော် အနဂ္ဂတို့ ပုဒ်မ ၅၀၅ (က) ဖြင့် ယမန်နေ့က အမှုဖွင့်ခံထားရသည်။ 

စစ်ကောင်စီမှ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ ၄၆၀ ကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီ ၁၇  ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles