အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

နေပြည်တော်အနီး မကြုံစဖူး ရေကြီးနေ

‘ရာဂိ’ တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံဒေသအများအပြားမှာ ရေကြီးရေလျှံမှုကို အဆိုးရွားဆုံး ကြုံတွေ့နေရပါတယ်။ သေဆုံးသူ ၂၆ ဦးထက်မနည်းရှိလာပြီး ပျောက်ဆုံးနေသူတွေလည်း အများအပြား ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးသမားတွေဆီကနေ သိရပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း ပျော်ဘွယ်၊ ရမည်းသင်း၊ ကျောက်ဆည်၊ မြစ်သား မြို့နယ်တွေအပြင် အာဏာသိမ်း စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်က ဇေယျာသီရိ၊ ပျဉ်းမနား၊ တပ်ကုန်းစတဲ့ မြို့နယ်တွေမှာပါ စက်တင်ဘာ ၁၁ရက်နေ့က စပြီး အဆိုးရွားဆုံး ရေဘေးနဲ့ ကြုံတွေ့နေရတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ဇေယျာသီရိမြို့နယ်က စစ်ရုံးချုပ်သွားရာ ၁၂လမ်းသွား ကားလမ်းမပေါ်အထိ ရေမြှုပ်နေပြီး၊ ဒါဟာ နေပြည်တော်မှာ ပထမဆုံးအကြိမ် အကြီးမားဆုံးသောရေကြီးမှု ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button