အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံ

နေပြည်တော်မှာလည်း စက်သုံးဆီ ပြတ်လပ်နေ

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများတွင် စက်သုံးဆီပြတ်လပ်မှုများ မကြာခဏဖြစ်နေပြီး၊ အာဏာသိမ်းစစ်ဗိုလ်ချုပ်များ ရုံးစိုက်ရာ နေပြည်တော်တွင်လည်း စက်သုံးဆီများ ဝယ်ယူရန် မလွယ်ကူတော့သည့် အခြေအနေနှင့် ရင်ဆိုင်လာရသည်။ နေပြည်တော် မြို့မဈေးနှင့် စည်ပင်ဧည့်ရိပ်သာအနီးရှိ စက်သုံးဆီဆိုင်များတွင် ဆီဝယ်ယူရန် ကားနှင့် ဆိုင်ကယ် အစီးရေ ရာနှင့်ချီပြီး တန်းစီနေကြရသည်ကို ယနေ့ (ဩဂုတ် ၁၅) တွင် မြင်တွေ့ရသည်။ ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးတချို့တွင်လည်း လိုသလောက် ဝယ်မရတော့သလို၊ ဆီကုန်နေခြင်းကြောင့် ပိတ်ထားရသည့် စက်သုံးဆီဆိုင်များလည်း ရှိနေသည်။ ပြည်ပက တင်သွင်းရသည့် စက်သုံးဆီဖိုး ငွေပေးချေရန် စစ်ကောင်စီက လုပ်ငန်းရှင်များကို ဒေါ်လာ မရောင်းချပေးနိုင်ခြင်းကြောင့် ဆီပြတ်နေခြင်း ဖြစ်သည်ဟု လုပ်ငန်းရှင်တချို့က ပြောသည်။ လတ်တလော ကြုံနေရသည့် စက်သုံးဆီအကျပ်အတည်း ဖြေရှင်းရန် လုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ သန်းတစ်ရာ ပံ့ပိုးမည်ဟု စစ်ကောင်စီဗဟိုဘဏ်က ယမန်နေ့ (ဩဂုတ် ၁၄) တွင် ထုတ်ပြန်ထားသည်။ သို့သော် အဆိုပါ ဒေါ်လာသန်းတစ်ရာကို စက်သုံးဆီလုပ်ငန်းရှင်များထံ မည်သို့ခွဲဝေပေးမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button