အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်အာဏာရှင်စနစ်ကို ကားဟွန်းသံဖြင့် တော်လှန်သည့် “၇၇ နှစ်မြောက် အာဇာနည်နေ့”

“၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း” ကြောင့် ရှမ်းမြောက်နှင့် မြန်မာပြည်အလယ်ပိုင်းတွင် နယ်မြေအမြောက်အမြား ဆုံးရှုံးနေသည့် စစ်ကောင်စီတပ်က ယခုနှစ် ၇၇ နှစ်မြောက် အာဇာနည်နေ့ကို ယခင်နှစ်များထက်ပင် လုံခြုံရေး ပိုမိုတင်းကျပ်ထားသည်။ ထိုသို့ လုံခြုံရေး တင်းကျပ်ထားသည့် ကြားကပင် ဇူလိုင် ၁၈ ညက စတင်ပြီး ရန်ကုန်မြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီကို ဆန့်ကျင်သည့် စာသားများ၊ ဗီနိုင်းများကို ချိတ်ဆွဲထားပြီး အာဏာသိမ်း စစ်တပ်ကို ခုခံတော်လှန်နေကြသည်။ ဇူလိုင် ၁၉ နံနက် အာဇာနည်ခေါင်းဆောင်များလုပ်ကြံခံရသည့် ၁၀ နာရီ မိနစ် ၃၇ တွင် မောင်းနှင်နေသည့် မော်တော်ယာဉ်၊ လမ်းသွားလမ်းလာများ အားလုံး ရပ်တန့်သွားကြပြီး ကားဟွန်း သံရှည်တီးကာ အာဇာနည်ခေါင်ဆောင်များကို အလေးပြုကြသည်။ ရန်ကုန်မြို့တွင် နေထိုင်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် စည်ရုံးရေးနှင့် ဆန္ဒပြပွဲများကို ဦးဆောင်နေသည့် သပိတ်ကော်မတီဝင်များထဲတွင် ရန်ကုန်မြေပြင်သပိတ်ခေါင်းဆောင် ကိုနန်းလင်းလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ စစ်အာဏာသိမ်းထားသည်မှာ ၃ နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပြီး ပြည်တွင်းနေပြည်သူများမှာ စစ်တပ်၏ ရုပ်ပိုင်း၊ စိတ်ပိုင်း ဖိနှိပ်မှုမျိုးစုံ အကျပ်အတည်မျိုးစုံဖြင့် ရှင်သန်နေရသော်လည်း အာဇာနည်နေ့ကို မေ့လျော့ခြင်းမရှိကြဘဲ စစ်အာဏာရှင်စနစ်ကိုလည်း ဆန့်ကျင်တော်လှန်နေဆဲဖြစ်သည်ဟု ရန်ကုန်မြေပြင်သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုနန်းလင်းက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button