အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

KNU သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ မြဝတီမြို့ စစ်ရေးအခြေအနေ

ဒီကနေ့ ဧပြီလ ၁၀ရက်နေ့ မနက်အစောပိုင်းကတည်းက မြဝတီမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်သံတွေနဲ့ ရပ်ကွက်တချို့မှာလည်း မီးလောင်နေပါတယ်။ စစ်ကောင်စီဘက်ကတော့ မြဝတီမြို့ကို လက်မလွတ်ရရေး လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ အသည်းအသန်ကြိုးပမ်းနေပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေရှိတယ်လို့ ယူဆတဲ့နေရာတွေနဲ့ လူနေရပ်ကွက်တွေထဲကို ဒီကနေ့မွန်းလွဲပိုင်းအထိ တိုက်လေယာဉ်နဲ့ ၁၅ ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတွေနဲ့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ကတည်းက စတင်တိုက်ခိုက်နေတဲ့ ခလရ ၂၇၅ တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ဖို့ အလားအလာက ဘယ်လောက်နီးစပ်ပါပြီလဲ။ မြဝတီမြို့ စစ်ရေးအခြေအနေကို ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။ သတင်း၊ တင်ဆက် – စထွန်းအောင်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button