အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

တစ်နှစ်ကျော်ကြာ ဝရမ်းပြေးဘဝနှင့် တိမ်းရှောင်နေသည့် ဦးဝီရသူ လာရောက်အဖမ်းခံ

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄-ကဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် ဦးဝီရသူသည် တစ်နှစ်ကျော်ကြာ ဝရမ်းပြေးဘဝဖြင့် တိမ်းရှောင်နေပြီး ရွေးကောက်ပွဲကျင်းပရန် ခြောက်ရက်အလို နိုဝင်ဘာ ၂ ရက်နေ့တွင် အနောက်ပိုင်းခရိုင်ရဲစခန်း၌ လာရောက်အဖမ်းခံခဲ့သည်။ ဝရမ်းပြေးအဖြစ် တစ်နှစ်ကျော်နေပြီး ခုလို ရွေးကောက်ပွဲနီးမှ လာရောက်အဖမ်းခံခြင်းသည် ဆူပူမှုဖြစ်အောင် အဓိကရုဏ်းဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ထွက်လာခြင်းဖြစ်နိုင်သည်ဟု ရွှေဝါရောင်ဆရာတော် မင်းသုည ခေါ် ဆရာတော်အရှင်ဣဿရိယက သုံးသပ်ပါသည်။

သတင်းနှင့်ရိုက်ကူး – အာကာစိုး/Myanmar Now

[youtube https://youtu.be/MfAgZB75d14]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles