အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဒီးမော့ဆိုမြို့ မြင်ကွင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့တွင် ၂ နှစ်ကြာ တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်များ ယခုနှစ် ဒီဇင်ဘာတွင် မြို့ကို စွန့်ခွာပြီးနောက် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။ မြို့တော် လွိုင်ကော်တွင် ၁၁.၁၁ စစ်ဆင်ရေး စတင်ပြီးနောက် လွိုင်ကော်မြို့တောင်ဘက် ကပ်လျက် ဒီးမော့ဆိုမြို့ကိုလည်း တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်သားများ ဆုတ်ခွာထွက်ပြေးသွားခြင်းဖြစ်သည်။ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဒီးမော့ဆိုမြို့ အခြေအနေကို Myanmar Now သတင်းထောက်က ရိုက်ကူးထားပါသည်။ ရိုက်ကူး၊ တင်ဆက် – အက်စတာဂျေ၊ ဟန်သစ်

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… လှူဒါန်းနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles