အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

“SSPP/SSA က သူများတွေ မတော်လှန်ခင်ကတည်းက အာဏာရှင် ဖီဆန်ရေးကို လုပ်လာခဲ့တာ” – ဗိုလ်မှူးစိုင်းဖုန်းဟန်

အင်အားကြီး ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် သျှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီ (RCSS) တို့အကြား အပစ်အခတ်ရပ်စဲကြောင်း နိုဝင်ဘာ ၂၉ တွင် ပူးတွဲကြေညာချက် ထုတ်ပြန်သည်။ ထိုသို့ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ အပစ်ရပ်စဲကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်သည့် တစ်ချိန်တည်းတွင် ရှမ်းမြောက်တွင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေသည်။ ရှမ်းမြောက် တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် SSPP/SSA ၏ ထိန်းချုပ်နယ်မြေတချို့လည်း ပါဝင်နေပြီး မြောက်ပိုင်းမဟာမိတ်တပ်များကို ကူညီပံ့ပိုးပေးနေခြင်း ရှိမရှိကို တိုက်ပွဲများ ပြီးဆုံးသွားပါက သိရမည်ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှုးစိုင်းဖုန်းဟန်က ပြောသည်။ ရှမ်းတပ်ဖွဲ့ ၂ ဖွဲ့ကြား အပစ်ရပ်သဘောတူညီချက် ထုတ်ပြန်ရခြင်း၊ ရှမ်းမြောက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအပေါ် SSPP/SSA ၏ ရပ်တည်ချက်နှင့် စစ်ကောင်စီ လူမျိုးရေးသွေးခွဲမှုအပေါ် သဘောထားများနှင့် ပတ်သက်ပြီး ဗိုလ်မှူးစိုင်းဖုန်းဟန်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။ မေးမြန်း – ကိုချို

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… လှူဒါန်းနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles