အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ရှမ်းမြောက်တွင် တပ်ရင်းလိုက် လက်နက်ချလာသည်အထိိ စစ်ကောင်စီ အထိနာ‌

ပြီးခဲ့သည့် တနင်္ဂနွေနေ့ (နိုဝင်ဘာ ၁၂) က အင်အား ၁၂၇ ဦးပါသည့် လောက်ကိုင်အခြေစိုက် စစ်ကောင်စီ ခမရ (၁၂၉) မှ တပ်ရင်းတစ်ရင်းလုံး မိသားစုဝင်များနှင့်အတူ လက်နက်ချခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်တပ်များက ယနေ့ (နိုဝင်ဘာ ၁၄) တွင် သတင်းထုတ်ပြန်လိုက်သည်။ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) လက်အောက်မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်သည့် ထိုတပ်ရင်းမှ စစ်သား ၁၂၇ ဦးနှင့် တပ်မိသားစုဝင် ၁၃၄ ဦး စုစုပေါင်း ၂၆၁ ဦးတို့သည် ကိုးကန့်တပ် MNDAA၊ ရခိုင်တပ် AA နှင့် တအာင်းတပ် TNLA တို့ စုဖွဲ့ထားသည့် မြောက်ပိုင်းမဟာမိတ်တပ်များထံ ဆက်သွယ်ပြီး လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ခမရ (၁၂၉) သည် ကိုးကန့်ဒေသ (၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာတွင် အခြေချတပ်ရင်းဖြစ်သည်။ လက်နက်ချ အညံ့ခံသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တစ်ဦးလျှင် ကျပ် ၁၀ သိန်းနှင့် မိသားစုဝင်တစ်ဦးလျှင် ကျပ် ၁ သိန်းစီ ထောက်ပံ့ထားသည်ဟုလည်း ကြေညာချက်တွင် ပါရှိသည်။ ထိုအခြေအနေများနှင့် ပတ်သက်ပြီး ကိုးကန့်တပ် MNDAA ၏ ပြောခွင့်ရသူ ကိုကျော်နိုင်(ခ) လီကျားဝင်းကို ဆက်သွယ်မေးမြန်းထားသည်။

မေးမြန်း – စထွန်းအောင်

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… လှူဒါန်းနိုင်ပါသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button