အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

NLD အမတ်လောင်းအချို့ ကိုဗစ်ကြောင့် မဲဆွယ်စည်းရုံးရေး ခေတ္တရပ်ဆိုင်း

ကိုဗစ်နိုင်တင်း(Covid-19) ဂယက်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အမတ်လောင်းအချို့သည် လူအုပ်စုဖြင့် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများကို မလုပ်တော့ဘဲ ခေတ္တရပ်ဆိုင်းလိုက်ပြီဖြစ်သည်။ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ စသည့် တိုင်းနှင့်ပြည်နယ်များရှိ မြို့နယ်တချို့တွင် NLD အမတ်လောင်းများက ၎င်းတို့မဲဆန္ဒနယ်အတွင်း ကိုဗစ်ဖြစ်ပွားမှုအပေါ်မူတည်ကာ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားခြင်းဖြစ်ပြီး အခြားပါတီများကမူ မဲဆွယ်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟုဆိုသည်။

သတင်းနှင့်ရိုက်ကူး- မင်းမင်း/Myanmar Now

[youtube https://youtu.be/Q6Q6c-h_XMw]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles