အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

“မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ဆင်နွှဲသွားဖို့ ရှိတယ်”

မြန်မာပြည် အရှေ့မြောက်ပိုင်းတွင် ကိုးကန့်၊ ရက္ခိုင်၊ တအာင်း ပူးပေါင်းတပ်ဖွဲ့တို့ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် မဟာမိတ်တပ်များကလည်း ဟန်ချက်ညီစစ်ဆင်ရေးများ (Coordinated Attacks) ဖော်ဆောင်နေသည်။ ယနေ့ (နိုဝင်ဘာ ၆) နံနက်ပိုင်းက စစ်ကိုင်းနှင့် ကချင်နယ်စပ်ရှိ ခရိုင်မြို့ကြီးတစ်မြို့ဖြစ်သော ကောလင်းမြို့ကို တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ကောလင်းမြို့သိမ်းတိုက်ပွဲ အခြေအနေ အပါအဝင် နိုင်ငံတစ်ဝန်း ဆက်လက်ဖော်ဆောင်မည့် စစ်ဆင်ရေးများနှင့် ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေကို ဆက်သွယ်မေးမြန်းထားသည်။

မေးမြန်း၊ တည်းဖြတ် – စထွန်းအောင်၊ ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles