အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ကောလင်းမြို့ကို မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုတွေ သိမ်းပိုက်

မြန်မာပြည်အထက်ပိုင်းမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့ နိုဝင်ဘာလ ၆ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းမှု ၃ နှစ်နီးပါး ကြာလာချိန်မှာ ခရိုင်အဆင့်ရှိတဲ့ မြို့ကြီးတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက ပထမဦးဆုံးအကြိမ် သိမ်းပိုက်နိုင်တာလည်း ဖြစ်ပါတယ်။ ကောလင်းမြို့နယ်၊ ထွေအုပ်ရုံးဝင်းထဲကနေ နောက်ဆုံးခုခံနေတဲ့ စစ်သားတွေ ဒီကနေ့ မနက် ၈ နာရီလောက်မှာ အလံဖြူထောင်ပြီး လက်နက်ချ အညံ့ခံခဲ့တဲ့အတွက် မြို့သိမ်းတိုက်ပွဲ အောင်အောင်မြင်မြင်နဲ့ အဆုံးသတ်ခဲ့တာပါ။ လက်ရှိ ကောလင်းမြို့တွင်းမှာ လက်နက်ကိုင် ရဲနဲ့စစ်သားတွေ လုံးဝမရှိတော့သလို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာယန္တရားတွေအားလုံးလည်း ရပ်တန့်သွားပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မြေပြင်က ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဒီကနေ့ မွန်းလွဲပိုင်းမှာ ပြောပါတယ်။ သတင်း၊ တင်ဆက် – စထွန်းအောင်

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… လှူဒါန်းနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles