အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကိုင်း ကောင်းမှုတော်စေတီတော်ကို အဖြူရောင်ဆေးသင်္ကန်း စတင်ကပ်လှူ

(စစ်ကိုင်း) – စစ်ကိုင်းကောင်းမှုတော်စေတီကို ယနေ့မှစ၍ အဖြူရောင်ဆေးသင်္ကန်း ပြန်လည်ကပ်လှူလျက်ရှိသည်။

သိန်း ၃၀၀၀ မှ ၄၀၀၀ နီးပါး အကုန်အကျခံမည့် စေတီတော် အဖြူရောင်သင်္ကန်းကပ်လှူမည့် လုပ်ငန်းကို တပေါင်းလပြည့် ( ၂၀၁၉ မတ် လ ၂၀) မတိုင်မီ အဆုံးသတ်ရန် စီစဉ်ထားကြောင်း ဂေါပကအဖွဲ့က ဆိုသည်။

စစ်ကိုင်းကောင်းမှုတော်စေတီကို မူလ အဖြူရောင်သင်္ကန်းကပ်လှူထားရာမှ ၂၀၁၀ ဒီဇင်ဘာတွင် ရွှေသင်္ကန်း ပြောင်းလဲကပ်လှူခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကောင်းမှုတော်သို့ လာရောက်ဖူးမြော်စဉ် နှစ်စဉ် ထုံးသင်္ကန်းကပ်လှူရခြင်းအစား ရွှေဆေးသင်္ကန်းကပ်လှူလျှင် မကောင်းဘူးလားဟု မေးမြန်းခဲ့ရာမှ အဖြူရောင်သင်္ကန်းမှ ရွှေရောင်သင်္ကန်းဖြစ်လာခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button