အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ရှမ်းမြောက်တွင် လူဦးရေ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ အပါအဝင် ဒေသခံတစ်ထောင်ကျော်ဟာ အိုးအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရပါတယ်။ လက်ရှိမှာတော့ စစ်ရှောင်စခန်း ၃ ခုမှာ ခိုလှုံနေသူတွေထဲ ကိုယ်ဝန်ဆောင်နဲ့ မွေးကင်းစမိခင် ၁၀ ဦးထက်မနည်း ရှိနေပြီး ဆန်နဲ့ စားနပ်ရိက္ခာ အပါအဝင် ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ စခန်းတာဝန်ခံတွေနဲ့ စစ်ဘေးရှောင်လာသူတွေက ပြောပါတယ်။

ရိုက်ကူး၊ တင်ဆက် – မြတ်ပန်း၊ စထွန်းအောင်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles