အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံမှု NUG ဘာပြောလဲ

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံမှု နိုင်ငံရေးအရ အသုံးချခြင်းသာဖြစ်ကြောင်း NUG နိုင်ငံခြားရေးဒုဝန်ကြီး ပြောကြား ——– နေပြည်တော်အချုပ်ထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai တို့ တွေ့ဆုံခြင်းမှာ “နိုင်ငံရေးအရ အသုံးချသာဖြစ်သည်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောသည်။ ထို့ပြင် မြန်မာစစ်တပ်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ သတင်းဌာနများထံ ပြောဆိုချက်များကိုလည်း သံသယဖြင့် စောင့်ကြည့်နေသည်ဟု နိုင်ငံခြားရေး ဦးမိုးဇော်ဦးက ပြောသည်။ အာဆီယံနိုင်ငံများ အနေဖြင့် မြန်မာ့အရေးကို ကြိုးပမ်းဆောင်ရွတ်ရာတွင် မြန်မာပြည်သူလူထု၏ သဘောထားအတိုင်း ဆောင်ရွက်ရန် လိုအပ်ပြီး အခြေအနေများ ပိုမို မရှုပ်ထွေးအောင် ဆောင်ရွက်သင့်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။ အာဏာသိမ်းပြီး ၂ နှစ်ကျော်ကြာသည့်အထိ ပြည်သူရွေးကောက်တင်မြှောက်ထားသည့် NLD အစိုးရအဖွဲ့မှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို အာဏာသိမ်းစစ်တပ်က ပုဒ်မအမျိုးမျိုးဖြင့် စွဲချက်တင်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားသည်။

မေးမြန်း – ကိုချို

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles