အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

အိုးဘိုထောင်မှ ပြန်လွတ်လာသည့် ဒေါ်ဝင်းမြမြနှင့် ဆက်သွယ်မေးမြန်းချက်

ရပ်တည်ချက်ခိုင်မာမှုနဲ့ ထင်ရှားတဲ့ မန္တလေးမြို့ခံ နိုင်ငံရေးသမား ဒေါ်ဝင်းမြမြ မန္တလေး အိုးဘိုအကျဉ်းထောင်ကနေ ဒီမနက်ပြန်လွတ်လာပါတယ်။ အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြတာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေတယ်လို့ဆိုကာ စစ်ကောင်စီက ၂၀၂၂ အတွင်း သူ့ကို ဖမ်းခဲ့ပြီး ထောင်သုံးနှစ် ချထားတာပါ။ ဒေါ်ဝင်းမြမြဟာ ၁၉၉၈ ခုနှစ်ကစလို့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအတွင်းမှာ စစ်အာဏာရှင်တွေရဲ့ ထောင်ဒဏ်တွေကို မမှုဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နဲ့အတူ အစဉ်တစိုက်ရပ်တည်ခဲ့သူပါ။ NLD ထပ်မံ အနိုင်ရတဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က ငြင်ပယ်ပြီး အာဏာသိမ်းတဲ့ အချိန်မှာလည်း သူက မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံထားရပါတယ်။ ဒေါ်ဝင်းမြမြ ကြုံတွေ့ခဲ့ရတဲ့ အကျဉ်းထောင်တွင်းအခြေအနေနဲ့ နိုင်ငံရဲ့ လက်ရှိအခြေအနေတွေအပေါ် သိရှိနိုင်ဖို့ သူ့ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်း၊ တင်ဆက် – ဉာဏ်လှိုင်လင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… နှိပ်၍ လှူဒါန်းနိုင်ပါသည်)

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles