အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံ

ပဇီကြီးရွာမှ ကျန်ရစ်သူမိခင်တစ်ဦး၏ သောက

“အမေ့ရည်မှန်းချက်တွေ ပျက်ပါပြီ သားတို့ရယ်” ဧပြီ ၁၁ နံနက်ပိုင်းက ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် အသက် ၂၂နှစ်အရွယ် အကြီးဆုံးသား၊ အသက် ၂၀အရွယ် ဒုတိယမြောက်သားနှင့် အသက် ၁၃နှစ်အရွယ် အငယ်ဆုံးသမီးလေးကို ဆုံးရှုံးလိုက်ရသည့် မိခင်ဖြစ်သူသည် စစ်ကောင်စီရန်ကြောင့် တပတ်ကျော်ကြာအထိ တောတောင်ထဲတွင် တိမ်းရှောင်နေရဆဲ ဖြစ်သည်။ သေဆုံးသွားသည့် သားနှစ်ဦးသည် ဆယ်တန်းအောင်ထားပြီးသူများ ဖြစ်ကြသည်။ သား၊ သမီး အားလုံးကို ဘွဲ့ဝတ်စုံဖြင့် မြင်လိုသည့် အသက် ၄၅နှစ်အရွယ် မိခင်၏ ဆန္ဒသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြယ်လွှင့်ခဲ့ရသည်။ ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် လူ ၁၆၈ဦး သေဆုံးကြောင်း ၎င်းတို့၏ နာမည်၊ အသက်များနှင့်တကွ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button