အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်မတော်ထိုးစစ် မရပ်ပါက တုံ့ပြန်မှုများလုပ်မည်ဟု မြောက်ပိုင်းသုံးဖွဲ့ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်အတွင်း တပ်မတော်၏ ထိုးစစ်မရပ်ပါက တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး နောက်ဆက်တွဲအကျိုးရလဒ်မှာ တပ်မတော်၏ တာဝန်သာဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ယနေ့(အောက်တိုဘာ ၂၉ ရက်) ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသလို ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်က အောက်တိုဘာ ၂၄ ရက်မှစ၍ ၄ ရက်ဆက်တိုက် ထိုးစစ်ဆင်ခဲ့ပြီး ရဟတ်ယာဉ်သုံးစွဲ တိုက်ခိုက်သည်အထိ ပြင်းထန်ခဲ့ကြောင်း တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ကဆိုသည်။

တအာင်းလက်နက်ကိုင်အဖွဲ့ TNLA၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့သည် စက်တင်ဘာ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့ကလည်း အလားတူထုတ်ပြန်ချက်မျိုး မြောက်ပိုင်း ၃ ဖွဲ့က ထုတ်ပြန်ခဲ့ဖူးပြီး ထုတ်ပြန်ချက်ထွက်ပြီး ၃ ရက်အကြာ သြဂုတ် ၁၅ ရက်တွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်အပါအဝင် နေရာ ၅ ခုကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြင်ဦးလွင်တိုက်ခိုက်မှုမျိုး နောက်တစ်ကြိမ် ဖြစ်မဖြစ်ဆိုသည်မှာ တပ်မတော်၏ ထိုးစစ်ပေါ်တွင်သာ မူတည်ကြောင်း တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ၏ ပြောခွင့်ရ ဗိုလ်မှူးမိုင်းအိုက်ကျော်က Myanmar Now ကို ပြောသည်။

“ တစ်ဖက်က တအားဖိလာရင်တော့ ကျွန်တော်တို့လည်း ထွက်ပေါက်တစ်ခုခုတော့ ရှာရမှာပေါ့ ” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားကို ပျက်ပြားသွားအောင်လုပ်ခြင်း၊ ရခိုင်ဒေသ၏ လမ်းပန်းဆက်သွယ်ရေး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အနှောင့်အယှက်ပေးခြင်း တို့လုပ်မည်ဆိုပါက မည်သည့်အဖွဲ့အစည်းကိုမှ လက်ခံမည်မဟုတ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

ထို့အပြင် ထိုးစစ်များပြုလုပ်နေခြင်းသည် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုရေး ဆွေးနွေးရာတွင် ယုံကြည်မှုများကို ထိခိုက်စေနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများရပ်တန့်နေသော်လည်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသည်။

ယနေ့မနက် ၁၁ နာရီခန့်မှစ၍ မင်းပြားမြို့နယ် ပန်းမြောင်းရွာအနီးရှိ တောင်တန်းများပေါ်တွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့သည် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးနိုင်ရေးအတွက် အစိုးရနှင့် အလွတ်သဘောတွေ့ဆုံမှု ၅ ကြိမ်ထက်မနည်း ပြုလုပ်ထားသော်လည်း တိကျသည့်အဖြေမရသေးပေ။

နောက်ဆုံးအကြိမ် ဆွေးနွေးမှုကို စက်တင်ဘာ ၁၇ ရက်က ကျိုင်းတုံမြို့တွင် ပြုလုပ်ခဲ့ပြီး အောက်တိုဘာလထဲတွင် ထပ်မံတွေ့ဆုံရန် သဘောတူထားခဲ့သော်လည်း ထပ်မံရွှေ့ဆိုင်းခဲ့ပြီး နောက်တစ်ကြိမ်တွေ့ဆုံမည့် နေ့ရက်၊ အချိန်၊ နေရာတို့ကို အတည်မပြုနိုင်သေးပေ။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles